Xiaomi ရဲ့ HyperOS Update အသစ်ကို မကြာခင် Redmi Note 12 4G မှာ ရတော့မှာပါ။ GSMChina က Redmi Note 12 4G/4G NFC အတွက် HyperOS Test Build ကို တွေ့ရှိခဲ့တာပါ။

GSMChina က Redmi Note 12 4G/4G NFC အတွက် HyperOS Build ရဲ့  Firmware Version က OS1.0.1.0.UMTMIXM နဲ့ OS1.0.1.0.UMGMIXM တို့ ဖြစ်တယ်လို့ ပြောပါတယ်။ Xiaomi က Update Changelog ကို Internal Test Server မှာ ထည့်သွင်းထားပါတယ်။

The Redmi Note 12 will soon receive HyperOS - this will be its first major  update

အဲဒီအတွက် HyperOS 1.0 Update ကို Redmi Note 12 အတွက် မကြာခင် ဖြန့်ချိတော့မှာပါ။ အဲဒီဖုန်းအတွက် ဒါဟာ ပထမဆုံး အဓိက Android Update ဖြစ်လာမှာ ဖြစ်ပြီး HyperOS ရတဲ့ ပထမဆုံး Redmi Device ဖြစ်လာမှာပါ။ HyperOS ဟာ Android 14 ကို အခြေပြုထားတာပါ။

Update ကို ဒီဇင်ဘာလလယ်မှာ စတင် ဖြန့်ချိနိုင်ပြီး HyperOS Pilot Testers တွေကို အရင်ဆုံး ဖြန့်ချိမှာပါ။ Update ကို စောစောရချင်ရင် HyperOS Pilot Tester Program မှာ လျှောက်ထားနိုင်ပါတယ်။

Redmi Note 12 4G မှာ Snapdragon 685 Processor မောင်းနှင်ထားပြီး 6.67” FullHD OLED မျက်နှာပြင် တပ်ထားပါတယ်။ 120Hz Refresh Rate နဲ့ 1200 Nits Peak Brightness ထောက်ပံ့ထားပြီး မျက်နှာပြင်ကို Gorilla Glass 3 နဲ့ ကာကွယ်ထားပါတယ်။

ကင်မရာ အကြောင်းပြောရရင် အနောက်ဘက်မှာ 50MP Main , 8MP Wide Angle , 2MP Macro နဲ့ အရှေ့ဘက်မှာ 13MP ကင်မရာ တပ်ဆင်ထားပါတယ်။ 33W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

Ref : gizmochina