Redmi Note 12 Turbo ရဲ့ သတင်းတွေကို ဇန်နဝါရီလက စတင်ကာ ကြားခဲ့ရပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေ ပိုမို ထွက်လာခဲ့ပါတယ်။

Redmi Note 12 Turbo key specifications leaked ahead of launch

အခုတော့ အဲဒီ ဖုန်းကို မကြာခင် တရားဝင် ကြေညာတော့မယ်လို့ သတင်းထွက်လာပါတယ်။ Xiaomiui က Redmi Note 12 Turbo အတွက် ‌ဆော့ဖ်ဝဲဟာ အဆင်သင့် ဖြစ်နေပြီ ဖြစ်ပြီး Android 13 အခြေပြု MIUI 14 နဲ့ ထွက်လာမယ်လို့ ပြောပါတယ်။ ဖုန်းရဲ့ Firmware Version က V14.0.2.0.TMRCNXM ဖြစ်မှာပါ။

Redmi Note 12 Turbo ကို မကြာခင် ကြေညာနိုင် – MyTech Myanmar

အဲဒီ ဖုန်းကို တရုတ်မှာ အရင်ဆုံး ကြေညာမှာ ဖြစ်ပြီး Redmi က လာမယ့် ရက်ပိုင်းအတွင်း ကြေညာမယ့် နေ့ကို ပြောလာနိုင်ပါတယ်။ ထုံးစံအတိုင်း မိတ်ဆက်ပွဲ မတိုင်ခင်မှာ ဖုန်းရဲ့ အဓိက လုပ်ဆောင်ချက်အားလုံးကို ကြိုတင်ပြောကြားနိုင်ပါတယ်။

Redmi Note 12 Turbo ရဲ့ လျှို့ဝှက်အမည်က Marble ဖြစ်ပြီး တရုတ် ပြင်ပမှာ Poco F5 အမည်နဲ့ ရောင်းချနိုင်ပါတယ်။ ဒါပေမယ့် Poco မော်ဒယ်အတွက် ဆော့ဖ်ဝဲက အဆင်သင့် မဖြစ်သေးဘူးလို့ သိရပါတယ်။

နိုင်ငံတကာ ဈေးကွက်အတွက် Poco F5 မော်ဒယ် ၃ မျိုး ရောင်းချမယ်လို့ Xiaomiui က ပြောပါတယ်။ Poco F5 အပြင် Poco F5 Pro ကိုပါ ရောင်းချမယ်လို့လည်း သတင်းထွက်နေပြီး အဲဒီဖုန်းဟာ Snapdragon 8 Plus Gen 1 Chipset ပါတဲ့ Redmi K60 ကို အမည်ပြောင်းထားတာလို့ သိရပါတယ်။

Redmi Note 12 Turbo မှာ Snapdragon 7 Series Chip မောင်းနှင်ထားနိုင်ပြီး 6.67-inch 120Hz OLED မျက်နှာပြင်၊ 50MP+8MP+2MP ကင်မရာ ၃ လုံး၊ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ၊ 5,500mAh ဘက်ထရီနဲ့ 67W Charging ပါလာနိုင်ပါတယ်။

Ref : gizmochina