နောက်ဆုံးထုတ် Snapdragon 4 Gen 2 Chipset ထည့်သွင်းထားတဲ့ Redmi Note 12R ကို Xiaomi က တရုတ်မှာ မကြာခင်က ကြေညာခဲ့ပါတယ်။ Xiaomi က နိုင်ငံတကာမှာ ရောင်းချမယ့် သတင်းကို မပြောသေးပေမယ့် Tipster Kacper Skrzypek က အဲဒီဖုန်းကို နိုင်ငံတကာမှာ တခြား အမည်နဲ့ ရောင်းမယ်လို့ ပြောပါတယ်။

Redmi

သူက Redmi Note 12R ကို နိုင်ငံတကာမှာ Redmi 12 5G အမည်နဲ့ ရောင်းမယ်လို့ ပြောပါတယ်။ အိန္ဒိယမှာတော့ Poco M6 Pro 5G အမည်နဲ့ ကြေညာနိုင်ပါတယ်။

Redmi Note 12R launched with Snapdragon 4 Gen 2 chip, 90Hz display, 50MP camera, and more - Gizmochina

Redmi Note 12R ရဲ့ Specs တွေကို ပြန်လည် လေ့လာကြည့်ရင် 6.79” LCD Full HD+ မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate နဲ့ 240Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။

Qualcomm Snapdragon 4 Gen 2 Chipset မောင်းနှင်ထားပြီး 5G ဆက်သွယ်မှု ထောက်ပံ့ထားပါတယ်။ 8GB LPDDR4X RAM နဲ့ 256GB UFS 2.2 Storage ထည့်သွင်းထားပါတယ်။

အနောက်ဘက်မှာ 50MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံး ပါလာပြီး ဆဲလ်ဖီး ကင်မရာက 5MP ဖြစ်ပါတယ်။ Android 13 အခြေပြု MIUI 14 မောင်းနှင်ထားပြီး 18W Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ဆင်ထားပါတယ်။

Ref : gizmochina