Redmi က K70E စမတ်ဖုန်းရဲ့ Teaser တွေကို စတင် ပြသနေပြီ ဖြစ်ပြီး ဒီလကုန်မှာ K70, K70 Pro တို့နဲ့အတူ ကြေညာမှာ ဖြစ်ပါတယ်။ K Series ဟာ Redmi ရဲ့ စွမ်းရည်မြင့် စမတ်ဖုန်းတွေ ဖြစ်ပါတယ်။
K70E မှာ အသစ်စက်စက် ကြေညာထားတဲ့ MediaTek Dimensity 8300 SoC ပါလာမယ်လို့ အတည်ပြုထားပါတယ်။ Redmi ရဲ့ တရားဝင် Teaser မှာ အဲဒီ သတင်းအချက်အလက်ကို ဖော်ပြထားတာ ဖြစ်ပါတယ်။ အတိအကျပြောရရင် 8300 Ultra ဖြစ်ပါတယ်။ Ultra စကားလုံးရဲ့ အဓိပ္ပါယ်ကိုတော့ လက်ရှိမှာ မသိရသေးပါဘူး။
အရင်က K70 ကို Benchmark မှာ တွေ့ခဲ့ရပြီး အဲဒီ Chipset ပါတယ်လို့ ဖော်ပြထားပါတယ်။ Redmi က K70E ရဲ့ စွမ်းဆောင်ရည်ကို ပိုကောင်းအောင် ပြုလုပ်ထားမှာ ဖြစ်ပြီး AnTuTu မှာ ၁,၅၂၆,၃၂၈ မှတ် ရထားပါတယ်။ ဂိမ်း ၁ နာရီ ကစားပြီးနောက်မှာ ၂၅ ဒီဂရီ ဆဲလ်ဆီးယပ်စ် ရှိပြီး ဖုန်းဟာ 58.86 FPS ကို ထိန်းသိမ်းထားနိုင်ပါတယ်။ Xiaomi ရဲ့ စွမ်းရည်မြင့် စမတ်ဖုန်းတွေကို မတတ်နိုင်သူတွေဟာ Redmi K70E ကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် ဖြစ်တဲ့အတွက် အဲဒီ စမတ်ဖုန်း အသစ်မှာ AI လုပ်ဆောင်ချက်တွေ ပါလာမှာ ဖြစ်ပြီး Prompt ထည့်ကာ ဝါကျ ဖွဲ့တာ၊ ဓါတ်ပုံ ဖန်တီးတာတွေ ပြုလုပ်နိုင်တဲ့ Generative AI ထည့်သွင်းထားမှာ ဖြစ်ပါတယ်။
Ref : gsmarena