Redmi က တရုတ်မှာ ဇန်နဝါရီလ အစောပိုင်းမှာ Redmi Turbo 4 ကို ကြေညာတော့မယ်လို့ ထင်ပါတယ်။ မကြာခင်က အဲဒီဖုန်း ကြေညာမယ့်နေ့နဲ့ ဒီဇိုင်း ထွက်ပေါ်လာပါတယ်။ ဇန်နဝါရီလ ၂ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။
အနောက်ဘက်မှာ ကင်မရာ ၂ လုံးကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ ပြားချပ်တဲ့ ထောင့်စွန်း ပါလာပြီး Display ကလည်း ပြားချပ်နိုင်ပါတယ်။ အနောက်ဘက်မှာ ဒေါင်လိုက် မျဉ်းကြောင်း တစ်ခု ပါလာပြီး Dual-tone Design ဖြစ်ပါတယ်။ အောက်ခြေနားမှာ Redmi Branding ကို ရေးထိုးထားပါတယ်။ Redmi Turbo 4 ဒီဇိုင်းဟာ iPhone 16 နဲ့ တူညီနေတာတွေ့ရပါတယ်။
Redmi က Turbo 4 မှာ 6.67” AMOLED 1.5K Display နဲ့ 120Hz Refresh Rate ပါလာမယ်လို့ အတည်ပြုထားပါတယ်။ Dimensity 8400 Chipset , 16GB LPDDR5x RAM နဲ့ 512GB UFS 4.0 Storage အထိ ထည့်သွင်းထားမှာပါ။ Android 15 အခြေပြု HyperOS 2 ပါလာမှာပါ။
အရှေ့ဘက်မှာ 20MP နဲ့ အနောက်ဘက်မှာ 50MP+8MP ကင်မရာတွေ တပ်ဆင်ထားမှာပါ။ 90W Fast Charging ပါတဲ့ 6,550mAh Battery တပ်ဆင်ထားနိုင်ပါတယ်။
Ref: Gizmochina