အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားမှာ စက်ရုပ်တွေက ဟမ်ဘာဂါ လုပ်ပေးနေကြပါတယ်။ အဲဒီစက်ရုပ်တွေဟာ နားချိန် မရှိဘဲ လျှင်မြန်စွာနဲ့ သန့်ရှင်းလတ်ဆတ်တဲ့ ဟမ်ဘာဂါတွေကို ပြုလုပ်ပေးနိုင်ပါတယ်။
ကယ်လီဖိုးနီးယားမှ Los Gatos မှ စက်ရုပ် စားသောက်ဆိုင်အသစ်ကို ABB Robotics နဲ့ BurgerBots တို့ ပူးပေါင်း တည်ထောင်ထားတာ ဖြစ်ပြီး ဟမ်ဘာဂါ ပြုလုပ်ပေးတဲ့ စက်ရုပ်တွေ ထားရှိထားပါတယ်။ စက်ရုပ်တွေကို အရွယ်အစား သေးငယ်ကျစ်လစ်တဲ့ မီးဖိုချောင်မှာ ထားရှိပေးထားပါတယ်။
စက်ရုပ်တွေဟာ ဟမ်ဘာဂါကို တစ်ဆင့်ချင်း အလိုအလျှောက် ပြုလုပ်ပေးနိုင်ပါတယ်။ အသားပြားတွေ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီးနဲ့ မရောနီစ်တွေကို အဆင့်လိုက် ထည့်သွင်းကာ ချက်ပြုတ်ပေးနိုင်ပါတယ်။ စားသုံးသူက ဟမ်ဘာဂါမှာ ထည့်သွင်းချင်တဲ့ Toppings တွေကို မှာယူနိုင်ပြီး စက်ရုပ်က QR Code ကို ကြည့်ကာ ချက်ပြုတ်ပေးပါတယ်။
စက်ရုပ်က ဟမ်ဘာဂါ တစ်လုံးကို ၂၇ စက္ကန့်ထဲနဲ့ ပြုလုပ်ပေးနိုင်ပါတယ်။ အနာဂတ်မှာတော့ စက်ရုပ်တွေက ဟင်းလျာမျိုးစုံကို ချက်ပြုတ်ပေးနိုင်မှာ ဖြစ်ပြီး လူသားတွေက အဆင်သင့် ထိုင်စားနိုင်တော့မှာ ဖြစ်ပါတယ်။
Ref : Technology Innovation