Samsung Myanmar မှ မြန်မာနိုင်ငံရှိ သုံးစွဲသူများအားလုံး၏ လူနေမှုဘဝ ပိုမို ကောင်းမွန်လာစေရန် အသင့်တော်ဆုံးသော ခေတ်မီ နည်းပညာများ၊ လုပ်ဆောင်ချက်များနှင့် ဖန်တီးထုတ်လုပ်ထားသည့် စမတ်ဖုန်းစီးရီးများနှင့် အိမ်သုံး လျှပ်စစ်ထုတ်ကုန်များကို ‘Built for Myanmar’ အမည်ရှိ Campaign နှင့်အတူ Pan Pacific Hotel ၌ ခမ်းနားစွာ မိတ်ဆက်ပြသခဲ့သည်။

‘Built for Myanmar’ Campaign မိတ်ဆက်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံမှ သုံးစွဲသူများနှင့် ကိုက်ညီမှု အပြည့်ရှိသည့် ကြီးမားကျယ်ပြန့်သော မျက်နှာပြင်များ၊ အဆင့်မြင့် ကင်မရာ စွမ်းဆောင်ရည်များနှင့် Fast Charging အမြန်အားသွင်းစနစ် ထောက်ပံ့ပေးထားသည့် အချိန်ကြာ အသုံးခံမည့် ဘက်ထရီများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် Galaxy A Series နှင့် M Series စမတ်ဖုန်းများအား ကနဦး စတင်မိတ်ဆက်ခဲ့သည်။ အဆိုပါ ဈေးနှုန်းသင့် စမတ်ဖုန်းများတွင် အင်တာနက် ချိတ်ဆက်မှု ပိုမိုတည်ငြိမ်စေပြီး ဒေတာစား ပိုမိုသက်သာစေသော Samsung Max၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် အခြားသော အရေးကြီး ဒေတာများအား လုံခြုံမှု အပြည့်အဝ ရှိစေမည့် Knox Security၊ ဖုန်း ရှေ့ / နောက်မျက်နှာပြင် ထိခိုက် ပျက်စီးမှုများအတွက် ပြန်လည်ပြင်ဆင်ပေးသည့် No Worry Crack စသည့် လုပ်ဆောင်ချက်များနှင့် ဝန်ဆောင်မှုများကိုလည်း Samsung Myanmar မှ ထည့်သွင်းပေးထားသည့် အတွက် သုံးစွဲသူများ အတွက် အထူးသင့်လျော်မှု ရှိစေမည် ဖြစ်သည်။

‘Built for Myanmar’ ဟူသည့် အမည်နှင့် အညီ Samsung Myanmar သည် စမတ်ဖုန်းများတွင်သာမက ၎င်း၏ အိမ်သုံးလျှပ်စစ်ထုတ်ကုန်များတွင်လည်း မြန်မာနိုင်ငံနှင့် ကိုက်ညီမှု အပြည့်အဝရှိသည့် လုပ်ဆောင်ချက်များအား ထည့်သွင်း တည်ဆောက်ပေးထားသည်။ ၎င်းတို့မှာ –

– ၁၆ နှစ်ဆက်တိုက် ကမ္ဘာ့နံပါတ်တစ် တီဗီထုတ်လုပ်ရောင်းချသည့် Samsung ကုမ္ပဏီ ၏ ရောင်းအား အကောင်းဆုံး 4K UHD Smart TV များတွင် ကြည်လင်ပြတ်သားမှု အရှိဆုံး Real 4K Resolution နှင့် Per Colour၊ အင်တာနက် မလိုအပ်ပဲ စမတ်ဖုန်းနှင့် တီဗီအား အလွယ်တကူ ချိတ်ဆက်နိုင်သည့် Tap View

– Samsung ၏ Cool Pack ရေခဲသေတ္တာများတွင် အအေးဓာတ်အား ၁၂ နာရီအထိ ထိန်းသိမ်းပေးထားနိုင်သည့် Cool Pack နည်းပညာနှင့် အအေးခန်းတစ်ခုစီအတွက် အသင့်တော်ဆုံး အအေးဓာတ်အား ထိန်းညှိပေးနိုင်သည့် All Around Cooling System

– ၁၁ နှစ်အထိ အာမခံပေးထားသည့် Samsung ၏ WA Series အဝတ်လျှော်စက်များတွင် အဝတ်အထည်များအား အသန့်ရှင်းဆုံး လျှော်ဖွတ်ပေးနိုင် သည့် Wobble Technology နှင့် Intensive Wash

– Indoor နှင့် Outdoor Coil များအတွက် အာမခံ ၃ နှစ်၊ Compressor အတွက် အာမခံ ၅ နှစ်အထိ ပါရှိသည့် Samsung Aircon များတွင် သာမန် Aircon များထက် ၄၃% အေးမြမှု ပိုမိုပေးစွမ်းနိုင်သည့် Easy Filter Plus

အထက်ဖော်ပြပါ Samsung Cool Pack ရေခဲသေတ္တာများနှင့် Digital Inverter အဝတ်လျှော်စက်များတွင် စွမ်းအင်သုံးစွဲမှု အား ၄၀% အထိ လျှော့ချပေးနိုင်သည့် Digital Inverter များလည်း ပါရှိသည့်အတွက် မီတာအသုံးပြုခကိုလည်းများစွာ သက်သာမှု ရှိစေမည် ဖြစ်သည်။

ဆက်လက်၍ ‘Built for Myanmar’ Campaign မိတ်ဆက်ပွဲတွင် မြန်မာနိုင်ငံတွင်သာမက အာရှတခွင်တွင်ပါ နာမည်ကျော်ကြားသည့် သရုပ်ဆောင် ပိုင်တံခွန်၊ သရုပ်ဆောင် မေတိုးခိုင်နှင့် အဆိုတော် G Fatt တို့အား Samsung Myanmar မှ ‘Team Galaxy’ ဟူ၍ မိတ်ဆက်ကြေညာခဲ့သည်။

Samsung Myanmar ၏ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်မှ “Samsung ဟာ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းက သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝတွေကို အကောင်းမွန်ဆုံးနဲ့ အထိရောက်ဆုံး ကူညီပံ့ပိုးပေးနိုင်ဖို့ အတွက် သုံးစွဲသူတွေဆီက အကြံပြုချက်တွေကို စဉ်ဆက်မပြတ် ဂရုတစိုက်နားထောင်နေပါတယ်။ ဒီ ‘Built for Myanmar’ Campaign နဲ့အတူ ကျွန်တော်တို့ Samsung အနေနဲ့ နောက်ဆုံးပေါ် နည်းပညာတွေ၊ သပ်ရပ်လှပတဲ့ ဒီဇိုင်းတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ နည်းပညာထုတ်ကုန်များစွာ အပါအဝင် လူမှုအကျိုးပြု ဆောင်ရွက်ချက်များစွာကိုလည်း ‘Team Galaxy’ အဖွဲ့ဝင် နာမည်ကျော် အနုပညာရှင်တွေနဲ့အတူ ပူးပေါင်းမိတ်ဆက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယခုအခါတွင် Samsung Myanmar သည် နောက်ဆုံးပေါ် နည်းပညာလုပ်ဆောင်ချက်များနှင့် ဖန်တီးတည်ဆောက်ထားသည့် Galaxy A13 နှင့် A53 5G များကိုလည်း မြန်မာနိုင်ငံဈေးကွက်တွင် စတင်ရောင်းချနေပြီ ဖြစ်သည်။

Galaxy A13

တန်ဖိုးသင့် Galaxy A13 စမတ်ဖုန်းသစ်တွင် ကြီးမားကျယ်ပြန့်သော ၆.၆” FHD+ Vivid screen Infinity-V မျက်နှာပြင်၊ စွမ်းဆောင်ရည်မြင့် Exynos 850 (8nm) Processor၊ 15W fast charging စနစ် ထောက်ပံ့ပေးထားသည့် 5,000 mAh ဘက်ထရီ၊ အဆင့်မြှင့်တင်ထားသော ကျောဖက် ကင်မရာလေးလုံး (50 MP Main, 5 MP Ultra-Wide, 5 MP Depth and 5 MP Macro) နှင့် 8MP အရှေ့ကင်မရာများအား ထည့်သွင်းပေးထားသည်။ Galaxy A13 စမတ်ဖုန်းအား မြန်မာငွေကျပ် ၄၃၉,၀၀၀ကျပ် (4+128GB) နှင့် ၄၆၉,၀၀၀ ကျပ် (6+128GB) တို့ စသည်ဖြင့် Awesome Black (အနက်ရောင်)၊ Awesome Blue (အပြာရောင်) နှင့် Awesome Peach (မက်မွန်သီးရောင်) ဟူ၍ ကြိုက်နှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်သည်။

Galaxy A53 5G

စွဲမက်ဖွယ် ဒီဇိုင်းကိုယ်ထည်နှင့် Galaxy A53 5G စမတ်ဖုန်းသစ်တွင် Night Mode, Portrait Mode နှင့် Fun Mode စသည့် နောက်ဆုံးပေါ် ကင်မရာလုပ်ဆောင်ချက်များ ပါရှိသည့် စွမ်းဆောင်ရည်မြင့် ကျောဖက်ကင်မရာလေးလုံး (64MP Main၊ 12 MP Ultra-Wide၊ 5MP Depth နှင့် 5MP Macro) နှင့် 8MP အရှေ့ကင်မရာ၊ ရိုက်ကူးထားသော ပုံရိပ်များမှ မလိုလားအပ်သော အရာဝတ္တုများအား လိုသလိုဖြတ်တောက်သွားနိုင်မည့် AI Eraser၊ 120 Hz Refresh Rate ပါရှိသော ကြီးမားကျယ်ပြန့်သည့် ၆.၅” FHD+ Super AMOLED Infinity-O မျက်နှာပြင်၊ နာရီပေါင်းများစွာ အသုံးခံမည့် 5,000mAh (25W fast charging) ဘက်ထရီနှင့် IP67 ရေစိုခံနည်းပညာများ ပါရှိသည့်အတွက် သုံးစွဲသူများ၏ နေ့စဉ်ဘဝ အတွက် အကောင်းမွန်ဆုံး ကူညီထောက်ပံ့ပေးသွားနိုင်မည် ဖြစ်သည်။ Galaxy A53 5G စမတ်ဖုန်းအား မြန်မာငွေကျပ် ၁,၀၄၉,၀၀၀ ကျပ် ဖြင့်‌ Awesome Black (အနက်ရောင်)၊ Awesome Blue (အပြာရောင်) နှင့် Awesome Peach (မက်မွန်သီးရောင်) ဟူ၍ ကြိုက်နှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်သည်။

ဝယ်ယူရရှိနိုင်မှုနှင့် အထူးအခွင့်အရေးများ

Galaxy A53 5G စမတ်ဖုန်းအသစ်များအား ၂၀၂၂ခုနှစ်၊ ဧပြီလ (၁) ရက်နေ့နှင့် Galaxy A13 စမတ်ဖုန်းအား ၂၀၂၂ခုနှစ်၊ ဧပြီလ (၄) ရက်နေ့မှ စတင်၍ Samsung အရောင်းဆိုင်များနှင့် အမြို့မြို့အနယ်နယ်ရှိ စမတ်ဖုန်းအရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်မည့် အပြင် Samsung ၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သော https://www.samsung.com/mm/ မှတဆင့်လည်း အိမ်တိုင်ရာ ရောက် လွယ်ကူလျင်မြန်စွာ မှာယူရရှိနိုင်ပြီ ဖြစ်သည်။

Galaxy A13 စမတ်ဖုန်းများအား ဝယ်ယူသူများအနေနှင့် Orginial Cover နှင့် earphone တို့အား (ပစ္စည်းလက်ကျန်ရှိသည်အထိ) မေတ္တာလက်ဆောင်ရရှိသွားမည်ဖြစ်သည်။ ယခုအသစ် ထွက်ရှိထားသော စမတ်ဖုန်း မော်ဒယ်အသစ်များအား ဝယ်ယူအားပေးသူများ အနေနှင့် No Worry Crack ဝန်ဆောင်မှုကိုလည်း ရရှိခံစား သွားနိုင်မည် ဖြစ်ပြီး ဝယ်ယူပြီးသည့်နေ့မှ ၃ လအတွင်း မတော်တဆ ဖြစ်ရပ်များကြောင့် ဖုန်းမျက်နှာပြင် အရှေ့ ထိခိုက်ပျက်စီးခြင်းအတွက် ပြန်လည် ပြုပြင်ရာတွင် ၅၀% လျှော့ဈေးဖြင့် မှန်လဲလှယ်ခွင့် တစ်ကြိမ်အား (၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ) ရရှိခံစားသွားနိုင်မည် ဖြစ်သည်။

Press Release – Samsung