Samsung က ကမ္ဘာအဝန်းမှာ Galaxy Z Fold6 နဲ့ Galaxy Z Flip6 ကို စတင် ရောင်းချပေးလိုက်ပါပြီ။ အဲဒီဖုန်းတွေကို ဒီလ ၁၀ ရက်နေ့က တရားဝင် ကြေညာခဲ့တာပါ။ Samsung က အဲဒီဖုန်းတွေကို ရောင်းအားမြှင့်တင်တဲ့ အစီအစဉ်တွေကို ဗြိတိန်မှာ စတင် ပြုလုပ်လိုက်ပါတယ်။ Samsung က လန်ဒန်ရဲ့ အထင်ကရ အနီရောင် ဘတ်စ်ကားကို ခေါက်ချိုးပြလိုက်ပါတယ်။

Samsung folds a London bus to promote its new Galaxy phones - SamMobile

အဲဒီ ခေါက်ချိုး ဘတ်စ်ကားဟာ ခေါက်ချိုး ထိုင်ခုံ၊ လမ်းမီးတိုင်နဲ့ အထင်ကရ အနီရောင် တယ်လီဖုန်း ဆက်တဲ့ ရုံတွေ ပါတဲ့ Fold Town Art Project ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ Campaign ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ Old Street မြေအောက် ဘူတာရုံရဲ့ နာမည်ကို Fold Street လို့ ယာယီ ပြောင်းထားပါတယ်။

Folded London Bus Stops The Traffic! – Samsung Newsroom U.K.

ခေါက်ချိုး ဘတ်စ်ကားဟာ ၁ ထပ် ကား ဖြစ်ပြီး ၉၀ ဒီဂရီ ခေါက်ချိုးထားတာ ဖြစ်ပါတယ်။ ထောင်နေတဲ့ အပိုင်းဟာ မြေပြင် ကနေ ၆ မီတာ အထက်မှာ ရှိတယ်လို့ Samsung က ပြောပါတယ်။

အဲဒီ ဘတ်စ်ကားကို အနုပညာရှင် Caspar Philips က ဖန်တီးထားတာ ဖြစ်ပြီး တကယ့် လန်ဒန် ဘတ်စ်ကားမှ ပစ္စည်းတွေကို အသုံးပြုထားပါတယ်။ အဲဒီကားကို ဖန်တီးဖို့ ၂ လလောက် အချိန်ယူခဲ့ရပါတယ်။

Ref : gsmarena