Samsung Galaxy F14 4G ရဲ့ User Manual ကို ကုမ္ပဏီက ဇန်နဝါရီလတုန်းက အိန္ဒိယမှာ ဝက်ဘ်ဆိုက်မှာ တင်ထားခဲ့ပြီး အခုတော့ အိန္ဒိယမှာ တရားဝင် ကြေညာလိုက်ပါတယ်။

Samsung Galaxy F14 4G gets official with Snapdragon 680

F14 4G မှာ Snapdragon 680 Chipset မောင်းနှင်ထားပြီး 4GB RAM နဲ့ 64GB Storage ထည့်သွင်းထားပါတယ်။ 6.7” 1080x2400p LCD Display တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။

Samsung Galaxy F14 Google Play Console listing suggests it's a rebrand of  Galaxy A05s

အနောက်ဘက်မှာ 50MP , 2MP Macro , 2MP Depth ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 13MP ကင်မရာ တပ်ဆင်ထားပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ၊ နားကြပ်ပေါက် ထည့်သွင်းထားပြီး 25W Wired Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပါတယ်။

Android 14 အခြေပြု One UI 6.1 မောင်းနှင်ထားပြီး အရွယ်အစား အပြည့်အစုံက 168 x 78 x 9 mm နဲ့ အလေးချိန်က ၁၉၄ ဂရမ် ဖြစ်ပါတယ်။ Moonlight Silver နဲ့ Peppermint Green အရောင်တွေ ထုတ်လုပ်ထားပါတယ်။ အိန္ဒိယမှာ ၈,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။

Ref : gsmarena