Samsung က အိန္ဒိယမှာ Galaxy F55 5G ကို ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းမှာ 6.7” FHD+ Display တပ်ဆင်ထားပြီး 120Hz Refresh Rate နဲ့ 1000 Nits Peak Brightness ထောက်ပံ့ထားပါတယ်။

Samsung Galaxy F55

Snapdragon 7 Gen 1 Chipset မောင်းနှင်ထားပြီး Android 14 ပါပါတယ်။ 8GB/128GB, 8GB/256GB နဲ့ 12GB/256GB စတဲ့ Memory Configuration ၃ မျိုး ထုတ်လုပ်ထားပါတယ်။ အနောက်ဘက်မှာ 50MP Main (OIS), 8MP Ultrawide , 2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 50MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

5,000mAh Battery ပါလာပြီး 45W Fast Charging ထောက်ပံ့ထားပါတယ်။ USB 2.0, WiFi 6 , Bluetooth 5.2 , NFC စတဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပြီး စတီရီယို စပီကာ ၂ လုံး ပါပါတယ်။ Display အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပြီး IP67 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။ Knox Security ထည့်သွင်းထားပြီး Android Update ၄ နှစ်နဲ့ Security Update ၅ နှစ်ရမှာပါ။

Galaxy F55 5G ရဲ့ 8/128GB ကို ၂၆,၉၉၉ ရူပီး၊ 8/256GB ကို ၂၉,၉၉၉ ရူပီးနဲ့ 12/256GB ကို ၃၂,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။

Ref : gizmochina