Samsung Galaxy S24 FE ကို ကြေညာလိုက်ပြီး ပိုမိုကြီးမားတဲ့ 6.7” Display နဲ့ ပိုကြီးတဲ့ Battery တပ်ဆင်ထားပါတယ်။ အဲဒီဖုန်းမှာ Exynos 2400e Chip မောင်းနှင်ထားပြီး 8GB RAM နဲ့ 128GB,256GB , 512GB Storage ပါပါတယ်။

Samsung Galaxy S24 FE debuts with Exynos 2400e and a larger 6.7'' display

6.7” FHD+ OLED Display တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အနောက်ဘက်မှာ 50MP Main, 8MP Telephoto နဲ့ 12MP Ultrawide ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 10MP ကင်မရာ တပ်ဆင်ထားပါတယ်။

အရင်မျိုးဆက်ထက်ပိုကြီးတဲ့ 4,700mAh Battery ပါလာပြီး 25W Wired Charging က ၃၀ မိနစ်မှာ ၅၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ 15W Wireless Charging လည်း ထည့်သွင်းထားပါတယ်။

The Galaxy S24 FE is bringing the ProVisual Engine

S24 FE ရဲ့ အရွယ်အစား အပြည့်အစုံက 162.0 x 77.3 x 8.0mm နဲ့ အလေးချိန်က ၂၁၃ ဂရမ် ဖြစ်ပါတယ်။ 5G ဆက်သွယ်မှု ထောက်ပံ့ပေးထားပြီး IP68 ရေစိုခံစံနှုန်း ပါပါတယ်။ Android 14 အခြေပြု OneUI 6.1 မောင်းနှင်ထားပြီး OS Update ၇ ခုနဲ့ Security Patch ၇ နှစ်တောင်ရမှာပါ။

Samsung Galaxy S24 FE ကို အောက်တိုဘာလ ၃ ရက်နေ့ ရောင်းမှာ ဖြစ်ပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၆၅၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena