Samsung Galaxy S24 Ultra ရဲ့ သတင်းအချက်အလက်တွေ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း နာမည်ကြီး Leakster တစ်ယောက် ဖြစ်တဲ့ Ice Universe က Galaxy S24 Ultra မှာ အဆင့်မြှင့်ထားတဲ့ 200MP Main ကင်မရာ ပါလာမယ်လို့ X (Twitter) ကနေတစ်ဆင့် သတင်းပေးလိုက်ပါတယ်။ အဲဒီ ကင်မရာ အသစ်ဟာ 200MP ISOCELL HP25X ဖြစ်နိုင်ပြီး လက်ရှိ ISOCELL HP2 ကို အဆင့်မြှင့်ထားတဲ့ ဗားရှင်း ဖြစ်ပါတယ်။

Samsung Galaxy S24 Ultra Specifications — RecycleDevice Blog | by Rahul  Singh | Medium

ကင်မရာ အသစ်မှာ လက်ရှိ ကင်မရာရဲ့ 1/1.3” အရွယ်အစားကို ဆက်လက်ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်။ အဆင့်မြင့် Super Quad Phase Detection Autofocus ဟာ Native 4-in-1 နဲ့ 16-in-1 Pixel Binning နဲ့အတူ ပါလာမယ့် လုပ်ဆောင်ချက်တွေထဲက ၁ ခု ဖြစ်ပြီး 50MP နဲ့ 12MP ဓါတ်ပုံတွေကို အသီးသီး ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

Samsung Galaxy S24 Ultra may have one of the brightest displays ever on a  phone | Tom's Guide

စိတ်ဝင်စားစရာ ကောင်းတာက Galaxy S24 Ultra မှာ ပိုမိုတိုးတက်လာတဲ့ 3x Telephoto ကင်မရာ အသစ် တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ အဲဒါဟာ 50MP ကင်မရာ ဖြစ်တယ်လို့ သတင်းထွက်နေပြီး 1/2.52” အရွယ်အစား ရှိမှာ ဖြစ်ပါတယ်။ ဆန်ဆာ အရွယ်အစား အများကြီး ကြီးမားလာပြီး ရုပ်ပုံ အရည်အသွေးကို သိသိသာသာ တိုးတက်လာစေနိုင်ပါတယ်။

Samsung ကတော့ Galaxy S24 Series ရဲ့ သတင်းအချက်အလက်တွေကို ဘာမှ မပြောသေးပါဘူး။ ဒါပေမယ့်လည်း Galaxy S24 Series ရဲ့ သတင်းအချက်အလက်တွေဟာ အခုကတည်းက စတင် ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။

Ref : gsmarena