Samsung Galaxy S25 Ultra ရဲ့ ဓါတ်ပုံတချို့ မကြာခင်က ပေါက်ကြားခဲ့ပြီး အခုတော့ အဲဒီဖုန်းကို 3C Certification Database မှာ တွေ့လာရပါတယ်။ အဲဒီမှာ အများဆုံး အနေနဲ့ 45W Wired Charging ထည့်သွင်းထားမယ်လို့ ဖော်ပြထားပါတယ်။

Samsung Galaxy S25 Ultra leaks in first renders, its weight is revealed too

စိတ်ဝင်စားစရာကောင်းတာက တရုတ်မှာ ရောင်းချနိုင်တဲ့ SM-S9380 မော်ဒယ်မှာ ဂြိုလ်တု ဆက်သွယ်ရေး ထောက်ပံ့ထားတာ ဖြစ်ပါတယ်။ တခြား နိုင်ငံတွေမှာ ရောင်းချမယ့် မော်ဒယ်တွေမှာလည်း ဂြိုလ်တု ဆက်သွယ်ရေး ပါလာမလားဆိုတာ မသိရသေးပါဘူး။

Samsung Galaxy S25 Ultra leaks in first renders, its weight is revealed too

Galaxy S25 Ultra ရဲ့ အရွယ်အစား အပြည့်အစုံဟာ 162.8 x 77.6 x 8.2mm နဲ့ အလေးချိန်ဟာ ၂၁၉ ဂရမ် ရှိနိုင်ပါတယ်။ Qualcomm Snapdragon 8 Gen 4 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး အရင်မျိုးဆက်ထက် ပိုများတဲ့ RAM ထည့်သွင်းထားမှာပါ။ အဲဒီဖုန်းရဲ့ ကင်မရာ အားလုံးဟာ Ultrawide က လွဲပြီး S24 Ultra နဲ့ တူညီမယ်လို့ သတင်းထွက်နေပါတယ်။

Galaxy S25 Ultra ကို ဇန်နဝါရီလမှာ တရားဝင် ကြေညာနိုင်ပြီး ဒီကြားထဲမှာ အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တွေ ထပ်မံ ထွက်ပေါ်လာနိုင်ပါတယ်။

Ref : gsmarena