Samsung က ပြီးခဲ့တဲ့ တစ်ပတ်မှာ Galaxy Tab S10 Series နဲ့ S24 SE ကို ကြေညာခဲ့ပြီး အဲဒီ Device တွေရဲ့ အဓိက စွမ်းရည်က Galaxy AI Suite ဖြစ်ပါတယ်။ အဲဒီ AI Feature အသစ်တွေ အားလုံးကို လက်ရှိမှာ အခမဲ့ အသုံးပြုခွင့်ပေးထားပါတယ်။ ဒါပေမယ့် Samsung က Galaxy AI Feature တွေအတွက် အနာဂတ်မှာ အခကြေးငွေ ကောက်ခံမယ်လို့ အရိပ်အမြွက်ပြောထားပါတယ်။

Galaxy AI: Samsung's AI Platform Tested

Samsung က Galaxy Tab S10 Series နဲ့ S24 SE အသစ်အတွက် တရားဝင် ကြေညာချက်တွေထဲမှာ ၂၀၂၄ ခုနှစ်အကုန်မှာ Galaxy AI Feature တချို့အတွက် အခကြေးငွေ ကောက်ခံနိုင်တယ်လို့ ပြောထားပါတယ်။ Samsung က အရင်က Galaxy AI Feature တွေကို Supported Samsung Galaxy Device တွေမှာ ၂၀၂၅ ခုနှစ်မတိုင်ခင်မှာ အခမဲ့ အသုံးပြုခွင့်ပေးမယ်လို့ ပြောပါတယ်။

Samsung Galaxy AI ကို ဒီနှစ်ထဲမှာ Galaxy Device သန်း ၁၀၀ မှာ ထည့်သွင်းပေးမည် – MyTech Myanmar

အဲဒီအတွက် Samsung ရဲ့ Galaxy AI Suite သို့မဟုတ် တချို့ အစိတ်အပိုင်းတွေကို နောက်နှစ်က စတင်ကာ အခပေး အသုံးပြုရမယ်လို့ ထင်ရပါတယ်။

AI နည်းပညာဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အလွန် ရေပန်းစားလာခဲ့ပြီး အခုတော့ AI ပါတဲ့ စမတ်ဖုန်းတွေကို အပြိုင်အဆိုင် ထုတ်လုပ်ရောင်းချလာကြပါတယ်။

Ref : gsmarena