Samsung ရဲ့ နောက်ထွက်မယ့် ၃ ခေါက်ချိုးဖုန်း သတင်းထွက်နေတာ တော်တော်ကြာပါပြီ။ အဲဒီဖုန်းဟာ Huawei Mate XT ကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ Samsung Unpacked ပွဲမှာ ကုမ္ပဏီက ၃ ခေါက်ချိုးဖုန်းကို ရောင်းချမယ်ဆိုတာ အတည်ပြုခဲ့ပါတယ်။
Samsung က ပွဲမှာ အဲဒီဖုန်းရဲ့ ပုံရိပ်တချို့ကို အရိပ်အမြွက် ပြသခဲ့ပါတယ်။ အဲဒီမှာ Project Moohan XR Headset ကိုလည်း ပြသခဲ့ပါတယ်။
ပေါက်ကြားသတင်းအရ Samsung ရဲ့ ပထမဆုံး ၃ ခေါက်ချိုးဖုန်းကို အလုံးရေ ၂၀၀,၀၀၀ ဝန်းကျင်ပဲ ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ ဒီနှစ် ဇူလိုင်လနဲ့ စက်တင်ဘာလအကြားမှာ ရောင်းချနိုင်ပါတယ်။ ဒါဟာ Samsung ရဲ့ နှစ်စဉ် Foldable Device တွေကို ကြေညာတဲ့ အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
Samsung Display က ၃ ခေါက်ချိုးဖုန်း ၂ လုံးကို ပြသထားပြီးပါပြီ။ တစ်လုံးက Huawei Mate XT နဲ့ တူတဲ့ Z ပုံသဏ္ဍာန် ဖြစ်ပါတယ်။ နောက်တစ်လုံးက G နဲ့ တူပြီး ခေါက်ချိုးထားရင် ဖုန်း Screen ကို မမြင်ရပါဘူး။
Samsung ဟာ Unpacked ပွဲမှာ Z စတိုင် ဖုန်းကို ပြသခဲ့တဲ့အတွက် အဲဒီဖုန်းဟာ အရင်ထွက်လာနိုင်ပါတယ်။
Ref : gsmarena