Samsung ရဲ့ Galaxy Z Fold Special Edition ရဲ့ သတင်းတွေ မကြာခဏ ထွက်ပေါ်နေပါတယ်။ အရင်တုန်းက အဲဒီ ဖုန်းကို Galaxy Z Fold Slim သို့မဟုတ် Galaxy Z Fold Ultra လို့ အမည်ပေးထားမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ အဲဒီဖုန်းမှာ S Pen Support ပါလာမယ်လို့ သတင်းထွက်လာပါတယ်။

Samsung's Galaxy Z Fold Special Edition to have S Pen support after all - GSMArena.com news

S Pen Support ပါလာမယ်ဆိုပေမယ့် အဲဒီဖုန်းမှာ Stylus အတွက် သီးခြား Internal Slot ပါလာမယ်လို့ မဆိုလိုပါဘူး။ Galaxy Z Fold6 မှာလိုမျိုးပဲ အသုံးပြုနိုင်မယ်လို့ ထင်ရပါတယ်။

Breaking: Galaxy Z Fold Special Edition Tipped to Support S Pen - SammyGuru

ဒီလို Foldable ဖုန်း ၁ လုံးမှာ S24 Ultra မှာလို S Pen ထည့်သွင်းနိုင်တဲ့ Internal Slot  မပါလာတာက နှမြောစရာ ကောင်းပါတယ်။ Slot ပါလာခဲ့ရင် Battery ပမာဏကို လျှော့ချထားနိုင် သို့မဟုတ် ဖုန်း အရွယ်အစားကို တိုးမြှင့်ထားနိုင်ပါတယ်။ ၂ မျိုးစလုံးလည်း ဖြစ်သွားနိုင်ပါတယ်။

Galaxy Z Fold Special Edition မှာ 200MP Main ကင်မရာ တပ်ဆင်ထားမှာ ဖြစ်ပြီး ဖြန့်ထားရင် အထူက ၄.၉ မီလီမီတာနဲ့ ခေါက်ချိုးထားရင် ၁၀.၆ မီလီမီတာ ရှိပါတယ်။ အတွင်းဘက်မှာ 8” Display နဲ့ 6.5” Cover Display ပါလာမှာပါ။

Ref : gsmarena