လေပြင်းတွေတိုက်ခတ်ပြီး ရာသီဥတုဆိုးရွားနေတဲ့ အခြေအနေမျိုးမှာတောင် အလင်းတန်းကိုသုံးပြီး သတင်းအချက်အလက်တွေကို ယုံကြည်စိတ်ချစွာ ပေးပို့နိုင်မယ့် ဆက်သွယ်ရေးနည်းပညာသစ်တစ်ခုကို သိပ္ပံပညာရှင်တွေက အောင်မြင်စွာ စမ်းသပ်ပြသလိုက်ပါတယ်။

တောင်အာဖရိကနိုင်ငံ Wits တက္ကသိုလ်နဲ့ ပြင်သစ်နိုင်ငံ Bordeaux တက္ကသိုလ်က သုတေသီတွေ ပူးပေါင်းပြီး ပြင်ပလေထုထဲမှာ ၂၇၀ မီတာအကွာအဝေးအထိ အလင်းတန်းကနေတစ်ဆင့် သတင်းအချက်အလက်တွေ လွှင့်ထုတ်နိုင်ခဲ့တာပါ။

Information encoded in a beam of light can survive real-world atmospheric turbulence

ဒီလိုအောင်မြင်ရတဲ့ လျှို့ဝှက်ချက်ကတော့ optical skyrmions လို့ခေါ်တဲ့ အထူးပြုလုပ်ထားတဲ့ အလင်းပုံစံကို အသုံးပြုထားတာပဲ ဖြစ်ပါတယ်။

သာမန်လေဆာအလင်းတန်းတွေဟာ လေတိုက်တာနဲ့ အပူချိန်အပြောင်းအလဲတွေကြောင့် ပုံစံပျက်သွားတတ်ပေမယ့် အဲဒီ အထူးအလင်းပုံစံကတော့ မူလအချက်အလက်တွေကို မပျောက်ပျက်အောင် ထိန်းသိမ်းပေးထားနိုင်ပါတယ်။

ဒါကြောင့် အဆိုးရွားဆုံး လေထုအခြေအနေမှာတောင် ၈၆ ရာခိုင်နှုန်းခန့်အထိ သတင်းအချက်အလက်တွေကို အမှားအယွင်းမရှိ ပြန်လည်ရယူနိုင်ခဲ့ပြီး ပုံမှန်အခြေအနေမှာဆိုရင် ၉၈ ရာခိုင်နှုန်းကျော်အထိ တိကျမှုရှိတာကို အံ့ဖွယ်တွေ့ရှိခဲ့ရပါတယ်။

Astronomers Are Creating Stars With Lasers, and the Reason Might Lead to New Worlds - The Economic Times

ဒီအောင်မြင်မှုဟာ ဖိုင်ဘာကေဘယ်ကြိုးတွေ လုံးဝမလိုတော့ဘဲ လေထုထဲကနေ လေဆာအလင်းနဲ့ အချက်အလက်ပေးပို့တဲ့ အနာဂတ်ဆက်သွယ်ရေးနည်းပညာအတွက် ကြီးမားတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်လာပါတယ်။

ခရီးအကွာအဝေး ပိုဝေးဝေးပေးပို့နိုင်ဖို့ သုတေသနတွေ ထပ်လုပ်သွားဖို့ လိုအပ်နေသေးပေမယ့် မကြာခင်အနာဂတ်မှာ အဆောက်အဦးတွေ၊ လေယာဉ်တွေ၊ ဂြိုဟ်တုတွေနဲ့ မြေပြင်စခန်းတွေကြားမှာ အလွန်မြန်ဆန်တဲ့ အင်တာနက်နဲ့ ဆက်သွယ်ရေးကွန်ရက်တွေ ဖန်တီးလာနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Ref: Technology Innovation