WhatsApp ဟာ မကြာခဏဆိုသလို Update တွေ ထုတ်ပေးလေ့ရှိပေမဲ့ ဟန်းဆက်အဟောင်းတွေမှာ အသုံးပြုလို့မရနိုင်တာတွေလည်း ကြုံတွေ့ရတတ်ပါတယ်။ ဥပမာအားဖြင့် iOS 10 နဲ့ iOS 11 အသုံးပြု iPhone တွေမှာ အောက်တိုဘာလ ၂၄ ရက်ကစပြီး အလုပ်မလုပ်တော့တာမျိုး ဖြစ်ပါတယ်။
ဒီတစ်ကြိမ် Update ရပြီးတဲ့နောက် WhatsApp ကို iPhone မော်ဒယ် ၂မျိူးနဲ့ Android စမတ်ဖုန်းဟောင်းတွေမှာ WhatsApp ကို အသုံးပြုနိုင်တော့မှာ မဟုတ်ပါဘူး။ တကယ်တော့ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိဆိုရင် WhatsApp အသုံးပြုလို့မရတဲ့ Devices ပေါင်း ၄၉ ခုကျော်ပြီဖြစ်ပါတယ်။
WhatsApp ကို ဆက်ပြီးသုံးလို့မရတော့မဲ့ စမတ်ဖုန်းတွေက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ဈေးကွက်ထဲရောက်နေတဲ့ ဖုန်းတွေဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ခေတ်မမီတော့တဲ့ ဖုန်းအချို့လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့လည်း စာဖတ်သူရဲ့စမတ်ဖုန်းဟာ အခုဖော်ပြထားတဲ့ စာရင်းမှာပါဝင်ရင်တော့ ဒီဇင်ဘာလ ၃၁ ရက်ကစပြီး WhatsApp ကို အသုံးပြုလို့ရတော့မှာ မဟုတ်ပါဘူး။
အောက်မှာဖော်ပြထားတာက WhatsApp ကို ဆက်ပြီးအသုံးပြုလို့ရတော့မှာမဟုတ်တဲ့ Device စာရင်းပဲ ဖြစ်ပါတယ်။ ရှာရလွယ်အောင် အက္ခရာစဉ်အလိုက် စီပေးထားပါတယ်။
iPhone 5
iPhone 5c
Archos 53 Platinum
Grand S Flex ZTE
Grand X Quad V987 ZTE
HTC Desire 500
Huawei Ascend D
Huawei Ascend D1
Huawei Ascend D2
Huawei Ascend G740
Huawei Ascend Mate
Huawei Ascend P1
Quad XL
Lenovo A820
LG Enact
LG Lucid 2
LG Optimus 4X HD
LG Optimus F3
LG Optimus F3Q
LG Optimus F5
LG Optimus F6
LG Optimus F7
LG Optimus L2 II
LG Optimus L3 II
LG Optimus L3 II Dual
LG Optimus L4 II
LG Optimus L4 II Dual
LG Optimus L5
LG Optimus L5 Dual
LG Optimus L5 II
LG Optimus L7
LG Optimus L7 II
LG Optimus L7 II Dual
LG Optimus Nitro HD
Memo ZTE V956
Samsung Galaxy Ace 2
Samsung Galaxy Core
Samsung Galaxy S2
Samsung Galaxy S3 mini
Samsung Galaxy Trend II
Samsung Galaxy Trend Lite
Samsung Galaxy Xcover 2
Sony Xperia Arc S
Sony Xperia miro
Sony Xperia Neo L
Wiko Cink Five
Wiko Darknight ZT
Ref: Gizchina