Apple ဟာ အခုအချိန်မှာ iPhone 13 Pro နဲ့ 13 Pro Max ဖုန်းတွေကို 120Hz ProMotion Feature ကို စတင်ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ နောက်ဆုံးမိတ်ဆက်လိုက်တဲ့ MacBook Pro 14-inch နဲ့ MacBook Pro 16-inch မှာလည်း mini-LED Display အပြင် 120Hz ProMotion Feature ကိုပါ ထပ်မံထည့်သွင်းပေးခဲ့ပါတယ်။

ဒါကြောင့် အဆိုပါ MacBook Pro 14-inch နဲ့ MacBook Pro 16-inch တွေဟာ Apple အတွက် ပထမဆုံးအနေနဲ့ 120Hz Support ပြုလုပ်တဲ့ ကွန်ပျူတာတွေဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ Mac App အများစုဟာ အခုအချိန်အထိ Smooth 120Hz Scrolling Feature ကို အသုံးပြုနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

အဆိုပါ 120Hz အသုံးပြုနိုင်ခြင်းမရှိတဲ့ Mac App တွေထဲမှာ Apple ရဲ့ ကိုယ်ပိုင် Safari Web Browser လည်းပါဝင်နေတာဖြစ်ပြီး တခြားသော ပုံမှန်အသုံးပြုနေတဲ့ App အများအပြားလည်း အသုံးပြုနိုင်ခြင်းမရှိသေးပါဘူး။ အဲ့အစား Full Screen Game တွေနဲ့ Metal Apps တွေပဲ 120Hz ကိုအပြည့်အဝအသုံးချနိုင်နေသေးတာဖြစ်ပါတယ်။

Apple ကိုယ်တိုင်က MacBook Pro အသစ်တွေကို ကြော်ငြာတဲ့အချိန်တုန်းက 120Hz ProMotion ကြောင့် Web Page တွေကို ကြည့်ရတာက ပိုပြီး Smooth ဖြစ်နေတယ်လို့ ပြောကြားခဲ့တာဖြစ်တာကြောင့် မကြာခင်မှာ Software Update ကနေတစ်ဆင့် ပြင်ဆင်သွားမယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာတော့ အဆိုပါ MacBook အသစ်တွေမှာ Virtual Windows 11 တင်ပြီး Chrome Browser အသုံးပြုမှပဲ 120Hz နဲ့ Web Browsing ပြုလုပ်နိုင်ဦးမှာဖြစ်ပါတယ်။

Ref – 9to5Mac