Sony AI သုတေသနအဖွဲ့ဟာ စားပွဲတင်တင်းနစ် (Ping-pong) ရိုက်နိုင်တဲ့ “Ace” ဆိုတဲ့ စက်ရုပ်ကို တီထွင်လိုက်ပြီး ဒါဟာ လူသားထိပ်တန်းကစားသမားတွေကို ယှဉ်ပြိုင်အနိုင်ယူနိုင်တဲ့ ပထမဆုံး စက်ရုပ်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ဒီစက်ရုပ်ဟာ အလွန်လျင်မြန်တဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းနဲ့ တိကျတဲ့ လှုပ်ရှားမှုတွေ ပေါင်းစပ်ထားတာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ အခုလပိုင်းတွေမှာ ပရော်ဖက်ရှင်နယ် ကစားသမားတွေကိုပါ အနိုင်ယူပြနိုင်ခဲ့တာပါ။

Ping-pong robot Ace makes history by beating top-level human players |  Reuters

Ace စက်ရုပ်ဟာ ဘောလုံးရဲ့ လည်ပတ်နှုန်းနဲ့ လမ်းကြောင်းကို မျက်စိတစ်မှိတ်အတွင်း သိနိုင်ဖို့ ကင်မရာ ၉ လုံးနဲ့ အာရုံခံစနစ် ၃ ခုကို သုံးထားသလို၊ လူသားတွေလိုပဲ အဆစ် ၈ ခုပါတဲ့ လက်တံနဲ့ ရိုက်ချက်တွေကို ပြင်းပြင်းထန်ထန် ပြန်လည်ရိုက်ခတ်နိုင်ပါတယ်။ သူ့နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပရော်ဖက်ရှင်နယ် ကစားသမားတွေရဲ့ ပြောကြားချက်အရ ဒီစက်ရုပ်ဟာ ခန့်မှန်းရခက်တဲ့အပြင် စိတ်လှုပ်ရှားမှုလည်း ပြသခြင်းမရှိတာကြောင့် ဘယ်လိုရိုက်ချက်တွေကို အားနည်းသလဲဆိုတာကို သိဖို့ ခက်ခဲစေတယ်လို့ ဆိုပါတယ်။ စက်ရုပ်ဟာ Simulation စနစ်နဲ့ ကိုယ့်ဘာကိုယ် လေ့ကျင့်ထားတာကြောင့် လူသားတွေ မလုပ်နိုင်တဲ့ ထူးခြားတဲ့ တုံ့ပြန်မှုတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။

Sony AI's robot Ace scores against pro ping-pong players

လက်ရှိမှာတော့ Ace ဟာ ကစားသမားတွေရဲ့ အားနည်းချက်ကို ရှာဖွေပြီး နည်းဗျူဟာပြောင်းလဲတဲ့အပိုင်းမှာ တိုးတက်ဖို့ လိုနေသေးပေမဲ့ ဒီနည်းပညာက အားကစားတစ်ခုတည်းအတွက် မဟုတ်ပါဘူး။ အခုလို အလွန်လျင်မြန်ပြီး တိကျတဲ့ တုံ့ပြန်မှု နည်းပညာတွေကို ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ၊ ဝန်ဆောင်မှုပေးတဲ့ စက်ရုပ်တွေနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အရေးကြီးတဲ့ နေရာတွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသွားနိုင်ဖို့ Sony က ရည်မှန်းထားပါတယ်။ စက်ရုပ်တွေက လူသားတွေရဲ့ အမြန်နှုန်းအတိုင်း လိုက်ပါလုပ်ဆောင်နိုင်စွမ်း ရှိလာတာဟာ နည်းပညာလောကအတွက် ကြီးမားတဲ့ ခြေလှမ်းသစ်တစ်ခုပဲ ဖြစ်ပါတယ်။

Ref : Nation Thailand