SpaceX ရဲ့ တည်ထောင်သူ Elon Musk က ကြီးမားတဲ့ Starship ဒုံးပျံမှာ Tesla ရဲ့ Optimus လူတူစက်ရုပ် ထည့်သွင်းကာ အင်္ဂါဂြိုလ်ကို ၂၀၂၆ ခုနှစ်နှောင်းပိုင်းမှာ လွှတ်တင်မယ်လို့ ကြေညာလိုက်ပါတယ်။
Musk က X လူမှုကွန်ရက်မှာ အစောပိုင်း စီမံကိန်းတွေ အောင်မြင်ရင် ၂၀၂၉ ခုနှစ်မှာ အင်္ဂါဂြိုလ်ကို လူသားတွေ သွားရောက်နိုင်မယ်လို့ ပြောပါတယ်။ သူက ၂၀၃၁ ခုနှစ်မှာ ပိုဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ကမ္ဘာ့ အကြီးဆုံးနဲ့ စွမ်းရည် အမြင့်ဆုံး ဖြစ်တဲ့ Starship ဒုံးပျံဟာ ၁၂၃ မီတာ (၄၀၃ ပေ) မြင့်မားပြီး ပြန်လည် အသုံးပြုလို့ရအောင် ဒီဇိုင်းထုတ်ထားပါတယ်။ အရင်တုန်းကတော့ ဒုံးပျံတွေဟာ တစ်ခါသုံးပြီးသွားရင် ပျက်ဆီးသွားကြတာ ဖြစ်ပါတယ်။ အဲဒီအတွက် ဒုံးပျံ တစ်ခါလွှတ်တင်ရင် ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျပါတယ်။ Starship ကတော့ အဲဒီလို မဟုတ်ဘဲ မြေပြင်ပေါ် ပြန်လည်ကျရောက်တဲ့အခါမှာ စက်ရုပ်လက်တံတွေနဲ့ ဖမ်းယူနိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။
Musk က ဒေါ်လာ ၂၀,၀၀၀ နဲ့ ၃၀,၀၀၀ အကြား တန်ကြေးရှိတဲ့ Optimus လူတူစက်ရုပ်ကို Starship ဒုံးပျံမှာ ထည့်သွင်းပြီး အင်္ဂါဂြိုလ်ကို ပို့ဆောင်မယ်လို့ ပြောပြီး အနာဂတ် အာကာသ စူးစမ်းလေ့လာရေးမှာ အကျိုးရှိစေမှာ ဖြစ်ပါတယ်။
Ref : Technology Innovation