SpaceX ကုမ္ပဏီက လူဝီစီယားနားပြည်နယ်၊ ပီကန်ကျွန်းအနီးမှာ ဒေါ်လာ ဘီလီယံ ၁၀၀ ရင်းနှီးမြှုပ်နှံပြီး Starbase စခန်းသစ်ကြီးတစ်ခုကို တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ အဲဒီစီမံကိန်း နေရာဟာ ဧက ၁၂၅,၀၀၀ ကျယ်ဝန်းပြီး မန်ဟက်တန်မြို့ထက် ၈ ဆလောက် ပိုမိုကြီးမားပါတယ်။

SpaceX To Build Its Fourth & Largest Launch Site, Starbase Louisiana, South  of Pecan Island – Developing Lafayette

အဲဒီအာကာသစခန်းမှာ ဒုံးပျံ လွှတ်တင်စင် ၁၀ ခုအပြင် Starship ဒုံးပျံတွေ တည်ဆောက်ဖို့နဲ့ လောင်စာထုတ်လုပ်ဖို့ စက်ရုံတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ၂၀၂၇ ခုနှစ်မှာ စတင်တည်ဆောက်ပြီး ၂၀၂၉ ခုနှစ်မှာ ပထမဆုံး လွှတ်တင်ဖို့ ရည်မှန်းထားကာ အလုပ်အကိုင်ပေါင်း ၁၁,၁၀၀ ကျော် ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။

SpaceX to Build $100 Billion Starship Spaceport in Louisiana's Vermilion  Parish, Creating 3,000 Jobs and World's Busiest Launch Site

မက္ကဆီကိုပင်လယ်ကွေ့နဲ့ နီးကပ်တာ၊ မြေနေရာကျယ်ဝန်းတာနဲ့ သဘာဝဓာတ်ငွေ့ အခြေခံအဆောက်အအုံတွေ ရှိနေတာကြောင့် SpaceX က အခုနေရာကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရွေးချယ်ထားတဲ့ နေရာအများစုဟာ ကမ်းရိုးတန်းစိမ့်မြေတွေ ဖြစ်နေတဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မယ့် အခြေအနေတွေကိုတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေနဲ့ ဒေသခံတွေရဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။

Ref : Technology Innovation