SpaceX ရဲ့ cellular Starlink စနစ်ဟာ မူလက မိုဘိုင်းဖုန်းတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပေမယ့် အခုအခါမှာတော့ Japan နဲ့ Canada နိုင်ငံတွေမှာ Apple Watch တွေနဲ့ပါ ချိတ်ဆက်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုဟာ ဖုန်းလိုင်းမမိတဲ့ နေရာ (cellular dead zone) တွေမှာတောင် Apple Watch ကနေ ဂြိုလ်တုကတစ်ဆင့် တိုက်ရိုက်ဆက်သွယ်မှု ပြုလုပ်နိုင်စေမှာ ဖြစ်ပါတယ်။

SpaceX's Starlink now works on Apple Watches in Canada and Japan -  MacTech.com

Japan နိုင်ငံရဲ့ ဆက်သွယ်ရေးအော်ပရေတာ KDDI က သူတို့ရဲ့ Au wireless carrier ဟာ Apple Watch မော်ဒယ်သစ် ၃ မျိုးဖြစ်တဲ့ Ultra 3, Series 11 နဲ့ SE 3 တို့ကို အခုလို အထောက်အပံ့ပေးနေပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ဒီဝန်ဆောင်မှုကို သုံးစွဲနိုင်ဖို့အတွက် သုံးစွဲသူတွေဟာ cellular version Apple Watch ကို အသုံးပြုရမှာဖြစ်ပြီး Au ရဲ့ Starlink Direct ဝန်ဆောင်မှုကိုလည်း ဝယ်ယူထားဖို့ လိုအပ်ပါတယ်။ လက်ရှိမှာတော့ Apple Watch ကနေ text message ပေးပို့တာနဲ့ လက်ခံတာကိုပဲ အထောက်အပံ့ပေးထားပါသေးတယ်။

SpaceX's Cellular Starlink Now Works on Apple Watches in Canada, Japan

Japan အပြင် Canada နိုင်ငံမှာရှိတဲ့ SpaceX ရဲ့ မိတ်ဖက်ဖြစ်တဲ့ Rogers Communications ကလည်း Apple Watch အတွက် ဒီဝန်ဆောင်မှုကို ထည့်သွင်းလိုက်ပြီ ဖြစ်ပါတယ်။ Canada မှာတော့ ဒီစနစ်ကို သုံးစွဲသူအားလုံးအတွက် free beta (စမ်းသပ်) အဆင့်အနေနဲ့ အခမဲ့ အသုံးပြုခွင့် ပေးထားပါတယ်။ US မှာရှိတဲ့ T-Mobile ကလည်း အလားတူ ဝန်ဆောင်မှုကို မကြာခင်မှာ မိတ်ဆက်လာနိုင်တယ်လို့ ခန့်မှန်းမှုတွေ ရှိနေပါတယ်။

ဒီသတင်းနဲ့ တဆက်တည်းမှာပဲ Apple ရဲ့ လက်ရှိ ဂြိုလ်တုဆက်သွယ်ရေးမိတ်ဖက် Globalstar က သူတို့ရဲ့ လုပ်ငန်းကို SpaceX ထံ ရောင်းချဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီကိစ္စသာ အမှန်တကယ်ဖြစ်လာခဲ့ရင်၊ Starlink စနစ်ဟာ အနာဂတ် Apple ထုတ်ကုန်တွေမှာ ပိုပြီး အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနိုင်ပါတယ်။ ဒါဟာ text message ပို့ရုံသက်သက်သာမကဘဲ၊ app တွေအတွက် data သုံးစွဲတာ၊ နောက်ဆုံးမှာ video call တွေ ခေါ်ဆိုတဲ့အထိပါ အထောက်အပံ့ပေးနိုင်ဖွယ် ရှိနေပါတယ်။

Ref : pcmag