မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ realme အားပေးသူတွေအတွက် သီတင်းကျွတ်ကာလအကြို အထူး Promotion အစီအစဥ်တစ်ခုအဖြစ် “သီတင်းကျွတ်မှာပျော် Flagship နဲ့ဂေါ် “ ဆိုတဲ့ခေါင်းစဥ်လေးနဲ့အတူ ရောက်ရှိလို့လာခဲ့ပါပြီ။

အတန်ဆုံးစျေးနှုန်းတွေနဲ့အတူ realme ရဲ့ Number Series ထုတ်ကုန်တွေကို အခု အောက်တိုဘာလ ၁၄ ရက်ကနေ အောက်တိုဘာလ ၃၁ ရက်နေ့အထိဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။ စျေးသင့်ပြီး All-round အဖြစ် အသုံးပြုနိုင်မယ့် realme 10 ကိုတော့ မူလစျေးနှုန်း (၇၁၉,၉၀၀ ကျပ်) ကို ၅၀,၀၀၀ ကျပ် (ငါးသောင်း) လျှော့စျေးဖြစ်တဲ့ ၆၆၉,၉၀၀ ကျပ်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

realme 10 မှာ ၆.၄ လက်မအရွယ်အစား Super AMOLED display အမျိုးအစားနဲ့အတူ 90Hz Refrest Rate ကိုပါထောက်ပံ့ပေးထားတဲ့တွက် သွက်လက်တဲ့ ပွတ်ဆွဲထိတွေ့မှုကိုရရှိစေမှာဖြစ်ပါတယ်။ စွမ်းဆောင်ရည်မြင့် G99 Chipset ကြောင့်လည်း ဂိမ်းတွေကို အကောင်းဆုံးဆော့ကစားနိုင်စေသလို Software နဲ့ Hardware ကို ကောင်းမွန်စွာပေါင်းစပ်ထားခြင်းကြောင့် အပူမြင့်တက်မှုကိုပါ ထိန်းချုပ်ကာကွယ်ပေးထားတာဖြစ်လို့ ဂိမ်းအကြာကြီးကစားမယ်ဆိုရင်တောင် Frame Rate ကျဆင်မှုတွေကိုပါ အများကြီးလျှော့ချပေးနိုင်ပါ တယ်။

50MP ပင်မကင်မရာနဲ့အတူ ရှေ့ဘက်မှာ 16MP Selfie ကင်မရာတို့ကိုထည့်သွင်းပေးထားပါတယ်။ 5000mAh ဘက်ထရီကိုမှ အားသွင်းမြန်ဆန်တဲ့ 33W SUPERVOOC ကိုပါထည့်သွင်းပေးထားတာဖြစ်ပါတယ်။ 8+256 GB version အမျိုးအစားဖြစ်လို့ စိတ်ကြိုက်သိမ်းဆည်းနိုင်သလို DRE (Dynamic RAM Expansion) နည်းပညာကြောင့် ထပ်တိုး 8GB RAM အထိတိုးမြှင့်သုံးနိုင်လို့ စုစုပေါင်း 16GB RAM အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ပိုကောင်းတဲ့ 11 Pro Series တွေကိုဝယ်ယူမယ့်သူတွေအတွက် အထူးလျှော့စျေးအနေနဲ့ ၁၀၀,၀၀၀ ကျပ် (တစ်သိန်း) အထိရရှိခံစားနိုင်မှာြဖစ်ပြီး 8+256 GB ပါဝင်တဲ့ realme 11 Pro အတွက် ၁,၂၉၉,၉၀၀ ကျပ်သာကျသင့်မှာဖြစ်ပါတယ်။ 200MP ပင်မကင်မရာ နာရီဝက်အတွင် အား ၁၀၀ ရာခိုင်နှုန်းအပြည့်သွင်းပေးနိုင်မယ့် 100W SUPERVOOC စနစ်ပါဝင်တဲ့ realme 11 Pro+ (12+512GB) ကိုတော့ ၁,၅၉၉,၉၀၀ ကျပ်နဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

အထူးကောင်းမွန်တဲ့ Super AMOLED + 120Hz ထောက်ပံ့ပေးထားတဲ့ ၆.၇ လက်မမျက်နှာပြင်ကျယ်နဲ့အတူ ကွေးညွတ်မျက်နှာပြင်ထိတွေ့မှုအဖြစ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 11 Pro Series ရဲ့အားသာချက်အတိုင်း မျက်နှာပြင်အရည်အသွေး၊ ထူးခြားဆန်းသစ်သည့်ကင်မရာစနစ်၊ အထူးမြန်ဆန်တဲ့အားသွင်းစနစ်တို့နဲ့အတူ နောက်ကျောဘက်အတွက် ခေတ်ဆန်လှပတဲ့ Vegan Leather ဒီဇိုင်းတို့ကို ရရှိခံစားနိုင်စေမှာဖြစ်ပါတယ်။ Flagship ဆန်းတဲ့အတွေ့အကြုံကောင်းတွေကို realme 11 Pro Series တွေမှာ စိတ်တိုင်းကျထိတွေ့အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။

Media release: realme