Bebinca မုန်တိုင်းဟာ ထိုင်ဝမ် မြောက်ပိုင်း ရေပြင်ကို နီးကပ်လာနေပြီ ဖြစ်ပြီး တိုင်ဖွန်း  မုန်တိုင်း အဖြစ် အားကောင်းလာတော့မှာပါ။ ထိုင်ပေမှ ရာသီဥတု ခန့်မှန်းသူတွေက မုန်တိုင်း လမ်းကြောင်းကို အတိကျဆုံး ခန့်မှန်းနိုင်တဲ့ နည်းလမ်းကို အသုံးပြုနေကြပါတယ်။ အဲဒါကတော့ Aitificial Intelligence (AI ) ဖြစ်ပါတယ်။

How AI powered weather forecasting is changing the game

ရာသီဥတု ခန့်မှန်းတဲ့ AI မှာ ထိုင်ဝမ်ရဲ့ Semiconductor ကုမ္ပဏီ TSMC က ထုတ်လုပ်တဲ့ Chip တွေကို အသုံးပြုနေတဲ့ Nvidia အပါအဝင် နည်းပညာကုမ္ပဏီကြီး တချို့ရဲ့ Software ကို အသုံးပြုထားပါတယ်။ အဲဒီ AI ဟာ တိုင်ဖွန်း မုန်တိုင်းကို ခန့်မှန်းရာမှာ သမားရိုးကျ နည်းလမ်းတွေထက် ပိုအစွမ်းထက်ပါတယ်။

For the first time, AI produces better weather predictions -- and it's very fast

ဇူလိုင်လမှာ ရာသီဥတု ခန့်မှန်းတဲ့ AI ကို ပထမဆုံး အသုံးပြုခဲ့ပြီး ထိုင်ဝမ်ဟာ Gaemi တိုင်ဖွန်း မုန်တိုင်း လမ်းကြောင်းကို ပိုမိုတိကျစွာ ခန့်မှန်းနိုင်ခဲ့ပါတယ်။ Gaemi ဟာ ထိုင်ဝမ်မှာ ၈ နှစ်အတွင် အားအကြီးဆုံး မုန်တိုင်း ဖြစ်ပြီး စံချိန်တင်မိုးရွာသွန်းခဲ့ပါတယ်။

AI ဟာ Gaemi မုန်တိုင်း ထိုင်ဝမ်ကို မရောက်ခင် ၈ ရက်အလို ကတည်းက ခန့်မှန်းနိုင်ခဲ့တဲ့အတွက် ထိုင်ဝမ် ရာသီဥတု ပညာရှင်တွေက အထင်ကြီး လေးစားခဲ့ကြပါတယ်။ AI ဟာ သမားရိုးကျ နည်းလမ်တွေထက် ပိုအစွမ်းထက်တယ်ဆိုတာ သိခဲ့ရပါတယ်။

Ref : bangkokpost