Tecno က Spark 30 ကို ကြေညာလိုက်ပြီး 6.78” 90Hz FullHD+ Display တပ်ဆင်ထားပါတယ်။ 800 Nits Peak Brightness ထောက်ပံ့ထားပြီး ရေစိုတဲ့လက်နဲ့ အသုံးပြုနိုင်ပါတယ်။ Punch Hole မှာ 13MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး လက်ဗွေရာ ကိရိယာကို ပါဝါခလုတ်အောက်မှာ မြှပ်နှံထားပါတယ်။

Tecno Spark 30 goes official: Helio G91, 64MP camera, and 5,000 mAh battery

အနောက်ဘက်မှာ စက်ဝိုင်းပုံ ကင်မရာ Island ထဲမှာ 64MP Main ကင်မရာ တပ်ဆင်ထားပါတယ်။ Helio G91 SoC မောင်းနှင်ထားပြီး 8GB RAM နဲ့ 128/256GB Storage ထည့်သွင်းထားပါတယ်။ Android 14 OS မောင်းနှင်ထားပါတယ်။

Tecno Spark 30 4G design, complete specifications leaked ahead of official  launch

Tecno Spark 30 မှာ 18W Charging ထောက်ပံ့တဲ့ 5,000mAh Battery ထည့်သွင်းထားပြီး IP64 ရေစိုခံစံနှုန်း ၊ စပီကာ ၂ လုံး၊ USB-C နဲ့ NFC ပါလာပါတယ်။

Tecno Spark 30 ကို ကုမ္ပဏီရဲ့ တန်ဇန်းနီးယား ဝက်ဘ်ဆိုက်မှာ စာရင်းတင်ထားပြီး Orbit White နဲ့ Orbit Black အရောင် ထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena