Tecno ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခုကတော့ အရင်ထွက်ထားတဲ့ မော်ဒယ်ဟောင်းအပြီး ၇ လအကြာမှာ ပိုမိုက်တဲ့ Tecno Spark Go 3 Pro ကို ပွဲထုတ်လိုက်ပြီဖြစ်ပါတယ်။ အဲဒီဖုန်းမှာ ရေနဲ့ဖုန်ဒဏ်ကို အပြည့်အဝကာကွယ်ပေးနိုင်တဲ့ IP69 အဆင့် ပါဝင်လာတဲ့အပြင် ရုပ်ထွက်ပိုင်းအတွက် ၆.၇၈ လက်မအရွယ် 120Hz မျက်နှာပြင်နဲ့ တစ်နေ့တာအသုံးခံမယ့် 5,200 mAh ဘက်ထရီကို 15W အားသွင်းစနစ်နဲ့ တွဲဖက်ပေးထားပါတယ်။

စိတ်ဝင်စားစရာကောင်းတာက ကုမ္ပဏီဘက်က ဖုန်းရဲ့ အသက်သွေးကြောဖြစ်တဲ့ Chipset ၊ ကင်မရာအသေးစိတ်နဲ့ မျက်နှာပြင်အမျိုးအစားတွေကိုတော့ လျှို့ဝှက်ထားဆဲဖြစ်ပါတယ်။ ဒါပေမဲ့ သေချာတဲ့အချက်ကတော့ 4GB RAM ကို အခြေခံထားပြီး 64GB ဒါမှမဟုတ် 128GB Storage တွေ ရွေးချယ်နိုင်မယ့်အပြင် ဖျော်ဖြေရေးပိုင်းအတွက် DTS အထောက်အပံ့ပါတဲ့ Dual Speaker နဲ့ အိမ်သုံးပစ္စည်းတွေ ထိန်းချုပ်နိုင်မယ့် IR blaster တို့ ပါဝင်လာမှာဖြစ်ပါတယ်။

ဈေးနှုန်းပိုင်းမှာလည်း တော်တော်လေး သက်သာတာကို တွေ့ရပါတယ်။ 4/64GB မော်ဒယ်ကို အိန္ဒိယရူပီး ၁၅,၉၉၉ (ခန့်မှန်း ကန်ဒေါ်လာ ၁၆၈) နဲ့ 4/128GB မော်ဒယ်ကို အိန္ဒိယရူပီး ၁၆,၉၉၉ (ခန့်မှန်း ကန်ဒေါ်လာ ၁၇၈) အသီးသီး သတ်မှတ်ထားပါတယ်။ အဲဒီဖုန်းကို လာမယ့် စက်တင်ဘာလ ၄ ရက်နေ့ကစပြီး အိန္ဒိယနိုင်ငံမှာရောင်းမှာပါ။
Ref : gsmarena