Performance ကြမ်းကြမ်းနဲ့ Battery ကြီးကြီး ပါတဲ့ Redmi K80 ကို ကြေညာလိုက်ပါပြီ။ ဒီနှစ်မှာ အရင်နှစ်က Flagship Chip ဖြစ်တဲ့ Snapdragon 8 Gen 3 နဲ့ K70 ထက် 1,550mAh ပိုများတဲ့ 6,550mAh Battery သုံးထားပါတယ်။

The affordable Redmi K80 is equipped with an SD 8 Gen 3 and a massive 6,550 mAh battery

Chip နဲ့ ကင်မရာကိုပါ အပူချိန်လျှော့ချပေးတဲ့ Dual-loop Vapor Chamber ထည့်သွင်းထားပါတယ်။ 12GB or 16GB RAM နဲ့ 256GB ကနေ 1TB Storage ထုတ်လုပ်ထားပါတယ်။

The affordable Redmi K80 is equipped with an SD 8 Gen 3 and a massive 6,550 mAh battery

Xiaomi က 6,550mAh Battery ဟာ ၂ ရက် အသုံးခံတယ်လို့ ပြောပါတယ်။ 90W Charging (ကြိုးမဲ့အားသွင်းစနစ်မပါ။ ) အတွက် P3 Chip နဲ့ G1 Battery Management Chip တပ်ဆင်ထားပါတယ်။ Wired Charging က K70 ရဲ့ 120W ထက်နည်းသွားပေမယ့် တော်တော်မြန်တုန်းပါပဲ။

The affordable Redmi K80 is equipped with an SD 8 Gen 3 and a massive 6,550 mAh battery

K70 ထက် ပိုကောင်းလာတာက Optical အစား Display အောက်မှာ Ultrasonic Fingerprint Reader မြှပ်နှံထားတာပါ။ ပိုအကြမ်းခံလာပြီး ရေအောက် ၂.၅ မီတာအထိ သုံးနိုင်တဲ့ IP68 နဲ့ Gorilla Glass 7i ပါပါတယ်။

The affordable Redmi K80 is equipped with an SD 8 Gen 3 and a massive 6,550 mAh battery

Display က 6.67” OLED Panel ဖြစ်ပြီး HDR10+, Dolby Vision , HDR Vivid Support ပါပါတယ်။ 3,200 Nits Peak Brightness နဲ့ DC Dimming ပါပါတယ်။ QHD+ Panel ဖြစ်ပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။

The affordable Redmi K80 is equipped with an SD 8 Gen 3 and a massive 6,550 mAh battery

ကင်မရာ အကြောင်းပြောရရင် 50MP OmniVision OVX8000 Sensor သုံးထားပြီး OIS ပါပါတယ်။ 8K Video 24fps နဲ့ 4K, 1080p 60fps Video ရိုက်ကူးနိုင်ပါတယ်။ 8MP Ultrawide ပါလာပြီး Telephoto မပါပါဘူး။ ဆဲလ်ဖီးကင်မရာက 20MP ဖြစ်ပါတယ်။

Redmi K80 ကို တရုတ်မှာ စတင် ရောင်းချနေပြီ ဖြစ်ပြီး အရောင် ၄ ရောင် ထုတ်ထားပါတယ်။ 12/256GB ကို CNY 2,500 ($345/€330/₹29,000), 16/256GB ကို CNY 2,700, 12/512GB ကို CNY 2,900 , 16/512GB ကို  CNY 3,200 နဲ့ 16GB/1TB ကို  CNY 3,600 သတ်မှတ်ထားပါတယ်။

Ref : gsmarena