OPPO ရဲ့ A series လို့ပြောလိုက်ရင် ဈေးသိပ်မများသလို အရည်အသွေးလည်း အသင့်အတင့်ရှိတဲ့ စီးရီးလို့ တန်းပြီးသိကြတယ်။ သူ့ဈေးနဲ့သူ ရွေးချယ်စရာလေးတွေများတဲ့ စီးရီးပေါ့။ အခုတော့ OPPO က A Series ထဲက နောက်ဆုံးထွက်ဖြစ်တဲ့ A77 ထက် ပိုပြီး ရွေးချယ်ချင်စရာကောင်းလာတဲ့ A78 ကို ယူဆောင်လာပါတယ်။

OPPO A78 ဟာ A Series ကို အစဉ်အမြဲ ချစ်ခင်အားပေးလာကြတဲ့ OPPO Fan တွေအတွက်တော့ အမြင်သစ်၊ ခံစားမှုသစ်နဲ့ ကျေနပ်မှုအသစ်တွေကို ဖြစ်ပေါ်စေမယ်လို့ပြောနိုင်ပါတယ်။ စစချင်းမြင်ရတဲ့ First Impression ဖြစ်တဲ့ ဒီဇိုင်းပိုင်း၊ အရောင်ပိုင်းမှာတင် အသစ် ဆိုတဲ့ ခံစားချက်ကို ရစေတယ်။ A78 က ပိုကောင်းလာတယ်ဆိုတဲ့ ယုံကြည်ချက်ကို ဖြစ်စေတယ်။

ဒီဇိုင်း နဲ့ တည်ဆောက်မှုက သူမလိုပဲ ရိုးရိုးယဉ်ယဉ်နဲ့ တင့်တင့်တယ်တယ်

OPPO A78 ရဲ့ ကျောဘက်ကို ရုတ်တရက်ကြည့်လိုက်ရင် Reno8 T လားလို့ ထင်လိုက်ရတယ်။ အထူးသဖြင့် အနက်ရောင်ကိုပေါ့။ သေချာကြည့်တော့မှာ ကင်မရာ ထားသိုပုံက မတူညီတာနဲ့ ဘေးဘောင်အချိုးမတူညီတာကို သတိထားမိလိမ့်မယ်။ ပြောရရင် Reno8 T ရဲ့ ဒီဇိုင်းပိုင်းကို Inspire ယူထားတာပေါ့။

အရောင်ကတော့ Mist Black (အနက်ရောင်) နဲ့ Aqua Green (အစိမ်းရောင်) ပေါ့။ အစိမ်းရောင်ကတော့ လွင်တယ်။ ဖန်စီဆန်တယ်။ Diamond Matrix Design က မြင်ရတာ ရိုးရိုးယဉ်ယဉ်လေးဆိုပေမဲ့ ပရော်ဖက်ရှင်နယ်ဆန်တယ်လို့ ပြောလို့ရတယ်။ ကြည့်လိုက်တာနဲ့ ရေရဲ့အရသာကို ခံစားရတယ်။ ပျော့ပြောင်းပြီး ကြည်လင်တဲ့ ခံစားမှုမျိုး။ လန်းဆန်းတဲ့ ခံစားမှုမျိုးပေါ့။

အနက်ရောင်ကတော့ ငြိမ်တယ်။ Reno8 T ရဲ့ Inspire ကို ပိုပြီးခံစားရတယ်။ လက်ထဲမှာကိုင်ထားရင်ကို ခန့်တယ်လို့ ပြောရတဲ့ ဒီဇိုင်းမျိုး။ တစ်စိမ့်စိမ့်ကြည့်။ အကြည့်ခံတယ်။ အပေအတေခံတာတော့ ပြောစရာကိုမလိုဘူး။ လက်ဗွေထင်ပါဆိုရင်တောင် မထင်ဘူး။
OPPO A78 ရဲ့ ကိုယ်ထည် တည်ဆောက်ထားပုံကို အရင်ကထက် ပိုပိုပြီးအားရလာတယ်။ လေးထောင့်ဆန်ဆန်ဆိုပေမဲ့ ကိုင်ရတဲ့ Hand feeling က ကောင်းနေတယ်။

တချို့ဖုန်းတွေဆို ကိုင်ထားရင် နည်းနည်းကြာတာနဲ့ လက်နာတယ်။ A78 ကတော့ လက်ထဲမှာ သက်သောင့်သက်သာ ရှိစေတယ်။ အနက်ရောင်လေးက ကိုင်ရတာ ပိုပါးတယ်လို့ခံစားရတယ်။ တကယ်လည်း အစိမ်းရောင်ထက် ပိုပါးပါတယ်။ Aqua Green က 7.99mm thickness ဖြစ်ပြီးတော့ Mist Black က 7.93mm thickness ပဲ ရှိပါတယ်။ အလေးချိန်ကတော့ 180g ပါ။ ဒီဈေးတန်းဝန်းကျင်က 5,000mAh ဘက်ထရီပါတဲ့ ဖုန်းတွေနဲ့ယှဉ်ရင် OPPO A78 က အပါးဆုံးဖြစ်နေပါလိမ့်မယ်။

အားသွင်းရတာ အလုပ်ကြီးတစ်ခု မဟုတ်တော့ဘူး

5,000mAh ဘက်ထရီ ဆိုတာက ဒီနေ့ခေတ်ဖုန်းတွေအတွက် ပုံမှန်ပမာဏပါပဲ။ ဒါပေမဲ့ OPPO A78 က သူနဲ့ ဈေးတန်းချင်းမကွာတဲ့ ဖုန်းတွေနဲ့ယှဉ်ရင်တော့ ပိုပြီးအားသာတဲ့ အချက်တချို့ ရှိနေပါတယ်။ အဲဒီအချက်တွေထဲမှာ 67W SUPERVOOC Fast Charging ထောက်ပံ့ထားတယ်ဆိုတဲ့အချက်က အဓိကအကျဆုံးလို့ ပြောရမယ်။

67W SUPERVOOC Fast Charging ဟာ 0% to 100% ကို 45 minutes, 37 seconds တည်းနဲ့ အားသွင်းနိုင်တာ သိပ်ကို ချစ်ဖို့ကောင်းတဲ့ အားသာချက်ပါပဲ။15 minutes ကြာချိန်မှာ 43% အထိ အားဝင်တယ်ဆိုတဲ့အချက်ကတော့ အပျော်ရွှင်ရဆုံး အချက်ပဲပေါ့။

30 minutes မှာ အားက 73% အထိ ရောက်နေပါပြီ။ (အခုဖော်ပြထားတဲ့ အားသွင်းကြာမြင့်ချိန်ဟာ ကုမ္ပဏီရဲ့ ဓာတ်ခွဲခန်းတွင်း စမ်းသပ်မှုကို အခြေခံပြီး ဖော်ပြထားတဲ့ ကြာမြင့်ချိန် ဖြစ်ပါတယ်။ ပြင်ပမှာတော့ လျှပ်စစ်ဗို့အားစနစ် အနည်းအများနဲ့ မမျှော်မှန်းနိုင်တဲ့ အခြေအနေတချို့ကြောင့် အားသွင်းကြာမြင့်ချိန် အနည်းငယ် ကွဲပြားမှုရှိနိုင်ပါတယ်။)

လက်ရှိဈေးကွက်ထဲက အခြားဖုန်းတွေမှာ 5,000mAh ကို 33W နဲ့ အားသွင်းမယ်ဆိုရင် 100% ပြည့်ဖို့ 75 minutes နဲ့ အထက် ကြာပါတယ်။ 5,000mAh ကိုပဲ 45W နဲ့ အားသွင်းမယ်ဆိုရင် 15 minutes ကို 37% နီးပါးပဲ အားဝင်ပြီး 100% ပြည့်ဖို့ 59 minutes နဲ့ အထက် ကြာပါတယ်။ ဒါကြောင့် OPPO A78 ရဲ့ 5,000mAh ဘက်ထရီကို 67W SUPERVOOC Fast Charging ပေါင်းစပ်ထားခြင်းက ဒီဈေးတန်းဝန်းကျင်ဖုန်းတွေထဲ မျက်စိကျစရာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

နောက်ထပ်စိတ်ချမ်းသာစရာကောင်းတာက SUPERVOOC ဟာ သုံးစွဲသူတွေအတွက် Safety Charging ဖြစ်အောင်လို့ တီထွင်ဆန်းသစ်ထားတဲ့ 5 Layer Protection နဲ့အတူ ထုတ်လုပ်ထားခြင်းပဲ ဖြစ်ပါတယ်။ Adaptor, Cable, Phone, Battery တွေရဲ့ Node တွေတိုင်းမှာ Protection Chipset တွေတပ်ဆင်ပေးထားတာကြောင့် အားသွင်းကြိုးတပ်ပြီး ဖုန်းသုံးနေချိန်မှာလည်း သူ့ရဲ့ အားသွင်းမှုကို စွမ်းဆောင်ရည်ပြည့် အလုပ်လုပ်နေနိုင်သလို Overheat မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါသေးတယ်။


အားသွင်းလည်းမြန်၊ ဘက်ထရီသက်တမ်းလည်း အကြာကြီးခံ

VOOC Flash Charge ဟာ OPPO ရဲ့ သီးခြားတီထွင်မှုဖြစ်ပြီး Low-Voltage, High-Current Direct Charging Solution နဲ့အတူ ၂၀၁၄ ခုနှစ်မှာ စတင်ထွက်ပေါ်လာခဲ့တာပါ။ “Low-Voltage, High-Current” ဆိုတာကို “ဗို့အားနည်း အမြန်အားသွင်း” အဖြစ် သိကြမယ်ထင်ပါတယ်။

တခြားအမြန်အားသွင်း နည်းပညာဖြစ်တဲ့ “High Voltage Charging” နဲ့ OPPO ရဲ့ “Low-Voltage, High-Current” နည်းပညာကြားက ကွာခြားချက်ကတော့ Battery health ကို မထိခိုက်စေခြင်းပါပဲ။

OPPO A78 မှာ Battery Health Engine: စနစ် ပါဝင်တာကြောင့် ဖုန်းရဲ့ Battery ဟာ သာမန်ထက် နှစ်ဆ ပိုပြီးတော့ သက်တမ်းကြာရှည်ခံပါတယ်။ အကယ်၍ တစ်နေ့ တစ်ကြိမ် အားသွင်းမယ်ဆိုပါစို့။ ၄ နှစ်ဆိုရင် အကြိမ်ရေ 1,460 အထိ အားသွင်းရပါမယ်။ ဒါပေမဲ့ A78 ကတော့ BHE စနစ်ကြောင့် ၄ နှစ်ကြာမြင့်ပြီး အနည်းဆုံး 1,600 Battery Cycle ရှိချိန်မှာတောင် Battery Capacity ဟာ 80% အထိ ကျန်ရှိနေသေးတယ်လို့ ကုမ္ပဏီက အခိုင်အမာ ပြောထားပါတယ်။

တစ်ဆင့်ချင်း မြင့်တက်လာတဲ့ SUPERVOOC

OPPO A78 မှာတော့ 5,000mAh ဘက်ထရီကို 45-minutes နဲ့ အားအပြည့်သွင်းထားပြီးရင် YouTube ကို 16-hours, Instagram ကို 20.1-hours အသုံးပြုနိုင်ပါလိမ့်မယ်။ ဘက်ထရီအားက 5% ပဲ ကျန်တော့တယ်ဆိုရင်တောင် Super power saving mode ဖွင့်ပြီး Google Map ကို 1-hour အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။ ဒီအတွက် OPPO A78 ကို ဝယ်ယူမဲ့သူတွေအနေနဲ့ ဖုန်းအားသွင်းထားလို့၊ အားသွင်းကြိုးတန်းလန်းကြီးနဲ့ မသုံးချင်လို့ ကြောင်ပျောက်နေတဲ့အချိန်တွေကို မေ့ထားလို့ရပါပြီ။

ဒီဇိုင်းနဲ့ ဘက်ထရီပိုင်းမှာတင် ကြွေတယ်

OPPO A78 ဟာ တိုးတက်မှုအတော်များများကို ယူဆောင်လာပေးတဲ့ နောက်ဆုံးပေါ် A Series ဝင် ဖုန်းတစ်လုံးပါ။ 67W SUPERVOOC Fast Charging စနစ် ထောက်ပံ့ပေးထားလို့ ၄၅ မိနစ် ကျော်ကျော်နဲ့ အားအပြည့်သွင်းနိုင်သလို သာမန်ထက် နှစ်ဆပိုရှည်တဲ့ ဘက်ထရီသက်တမ်း ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

ဒီဇိုင်းပိုင်းကလည်း ခေတ်နဲ့လျော်ညီတဲ့ ပရီမီယံဆန်ဆန် ဒီဇိုင်းဖြစ်လာသလို ပေါ့ပေါ့ပါးပါးနဲ့ ညက်ညက်ညောညော ကိုင်တွယ်အသုံးပြုနိုင်ပါတယ်။ ကျန်တဲ့အချက်တွေ မပြောသေးဘဲ ဒီဇိုင်းနဲ့ ဘက်ထရီ ဆိုတဲ့ဒီနှစ်ချက်နဲ့တင် A78 ဟာ စိတ်ဝင်စားဖို့ကောင်းနေတဲ့ A Series ထုတ်ကုန်သစ်တစ်ခု ဖြစ်နေပါတော့တယ်။