အခုနောက်ပိုင်း Smartphone Manufacturer တိုင်းလိုလို Gaming Phone ထုတ်လာကြတာကိုတွေ့နေရတယ်။ Smartphone Manufacturer တွေအပြင် Gaming Product တွေထုတ်နေတဲ့ Razor ကပါ Gaming ဖုန်းထုတ်လာတယ်။
Razor Gaming Phone နောက်ပိုင်းမှာ Asus, Xiaomi အစရှိတဲ့ Major Brand တွေကစပြီး Gaming Phone တွေထုတ်လာခဲ့ကြတယ်။
အခုဆို Huawei ရဲ့ Brand အခွဲတစ်ခုဖြစ်တဲ့ Honor ကပါ Gaming Phone တစ်လုံးထုတ်လုပ်ထားပြီး နိုင်ငံတစ်ချို့မှာ Launch လုပ်ထားပြီးပါပြီ။ Honor Play လို့ အမည်ရပြီး 1080P 6.3 Inches Notch Display နဲ့ပါ။
Huawei ဖုန်းထုံးစံအတိုင်း Notch ဖျောက်နိုင်တဲ့ Feature ပါမှာမို့လို့ Notch မကြိုက်တဲ့သူတွေအတွက်လည်း အဆင်ပြေတာပေါ့။ Notch ပါတော့ Notification Icon တွေအတွက်နေရာပိုရတာပေါ့။
Huawei ရဲ့ ကိုယ်ပိုင် Kirin 970 Processor Ram 4 GB နဲ့တွဲပေးထားပါတယ်။ Spec တွေက အရမ်းမမြင့်ပေမယ့် GPU Turbo နဲ့ Gaming အတွက် AI Support တွေပါတဲ့အပြင် ကိုယ်ဆော့နဲ့ Game ပေါ်လိုက်ပြီး Vibration Feedback တွေနဲ့ Surround Sound အသံစနစ်ကို တိတိကျကျထုတ်ပေးနိုင်လို့ ပိုမိုကောင်းမွန်တဲ့ 4D Gaming Experience မျိုးရမယ်လို့ပြောထားပါတယ်။
GPU Turbo နည်းပညာဟာ Hardware နဲ့ Software နှစ်ခုပေါင်းပြီး Gaming ပိုင်းအတွက် အသေအချာချိန်ညှိပေးထားလို့ GPU Performance ကို 60% ထိ မြှင့်တင်ပေးနိုင်ပြီး Power သုံးစွဲနှုန်းကို 30% ထိလျော့ချပေးနိုင်မယ်လို့သိရပါတယ်။
USB Type C နဲ့ ဖြစ်ပြီး Fingerprint Sensor ကတော့ နောက်ကျောဘက်မှာပါ။
နာမည်ကြီး Game တွေဖြစ်တဲ့ PUBG, Asphalt 9 အပြင် နောက်ထပ်ထွက်လာမယ့် Fortnite ပါကစားနိုင်မှာမို့ Gaming Phone တွေထဲမှာ ဈေးအသက်သာဆုံးဖြစ်လာနိုင်ပါတယ်။