SpaceX ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့ဟာ CEO Elon Musk အတွက် ကမ္ဘာမှာ တစ်ခါမှမရှိဖူးသေးတဲ့ ထူးခြားဆန်းပြားလွန်းတဲ့ အပိုဆုကြေး အစီအစဉ်တစ်ခုကို အတည်ပြုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ သာမန်စီးပွားရေး အောင်မြင်မှုတွေအတွက် မဟုတ်ဘဲ အင်္ဂါဂြိုဟ်ပေါ်မှာ လူသားတွေ အမြဲတမ်း အခြေချနေထိုင်နိုင်မယ့် သိပ္ပံရုပ်ရှင်ဆန်ဆန် ရည်မှန်းချက်တွေအပေါ်မှာ မူတည်နေတာပါ။

Elon Musk set for major SpaceX payday if Mars colony succeeds

ဒီဆုကြေးကို ရရှိဖို့အတွက် Elon Musk ဟာ အင်္ဂါဂြိုဟ်ပေါ်မှာ လူဦးရေ အနည်းဆုံး ၁ သန်း နေထိုင်တဲ့ မြို့တစ်မြို့ကို တည်ထောင်ပေးရမှာ ဖြစ်သလို၊ SpaceX ရဲ့ ကုမ္ပဏီတန်ဖိုးကိုလည်း ဒေါ်လာ ၇.၅ ထရီလီယံအထိ ရောက်အောင် မြှင့်တင်ပေးရမှာ ဖြစ်ပါတယ်။ ဒီအချက်တွေ ပြည့်စုံမှသာ သူဟာ  ရှယ်ယာပေါင်း သန်း ၂၀၀ ကို ရရှိမှာပါ။ ဒါ့အပြင် အာကာသထဲမှာ ဒေတာစင်တာတွေ တည်ဆောက်မယ့် စီမံကိန်း အောင်မြင်ရင်လည်း နောက်ထပ် ရှယ်ယာ သန်း ၆၀ ကျော်ကို ထပ်မံ ရရှိဦးမှာ ဖြစ်ပါတယ်။

 

Mars Science City is the Earth prototype of what will be a human city on Mars

Reuters သတင်းဌာနက ဖော်ပြချက်အရ ဒီအချက်အလက်တွေကို SpaceX က အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲဖို့ ပြင်ဆင်နေတဲ့ လျှို့ဝှက်စာတွဲတွေထဲမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုတွေဟာ အချိန်အကန့်အသတ် မရှိတာကြောင့် Elon Musk အနေနဲ့ သူ့ရဲ့ CEO သက်တမ်းအတွင်းမှာ အင်္ဂါဂြိုဟ်ပေါ်ကို လူသား ၁ သန်း တင်ပို့နိုင်တဲ့ ဘယ်အချိန်မှာမဆို ဒီဆုကြေးကြီးကို ပိုင်ဆိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

Ref: Fossbytes