ပင်လယ်ပြင်အလယ်မှာ စစ်သင်္ဘောကြီးတွေ ပျက်သွားရင် အပိုပစ္စည်းကို ချက်ချင်းထုတ်ယူနိုင်မယ့် ရုပ်ရှင်ထဲကလို နည်းပညာမျိုးကို အမေရိကန်ရေတပ်က လက်တွေ့အသုံးချပြလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့က ကမ္ဘာ့အကြီးဆုံး ရေကြောင်းစစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ RIMPAC 2026 မှာ အမေရိကန်လေယာဉ်တင်သင်္ဘော USS Theodore Roosevelt ပေါ်မှာ သတ္တုအစိတ်အပိုင်းတွေကို 3D-print နည်းပညာနဲ့ အောင်မြင်စွာ ထုတ်လုပ်ပြသခဲ့တာဖြစ်ပါတယ်။

US Navy Installs First Phillips Hybrid 3d Printer Aboard Ship

ဒီလို အံ့မခန်းလုပ်ဆောင်နိုင်တာကတော့ ADDiTEC HYBRiD-X လို့ခေါ်တဲ့ ခေတ်မီစနစ်ကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီ စနစ်ဟာ သတ္တု 3D printing နည်းပညာနဲ့ ပုံမှန်စက်မှုလုပ်ငန်းစဉ်တွေကို ပေါင်းစပ်ထားပြီး ဒစ်ဂျစ်တယ်ဒီဇိုင်းတွေကနေတဆင့် သင်္ဘောပေါ်မှာတင် သတ္တုအစိတ်အပိုင်းတွေကို ချက်ချင်းထုတ်လုပ်ပြင်ဆင်ပေးနိုင်တာပါ။ ဒါဟာ အမေရိကန်ရေတပ်သမိုင်းမှာ အရေးပါတဲ့ သတ္တုအစိတ်အပိုင်းတွေကို လေယာဉ်တင်သင်္ဘောပေါ်မှာတင် ထုတ်လုပ်နိုင်တဲ့ ကွန်တိန်နာစနစ်ကို ပထမဆုံးအကြိမ် တပ်ဖြန့်ချထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

US carrier gets first 3D printed metal part - Australian Defence Magazine

ဒီနည်းပညာရဲ့ အဓိကအားသာချက်ကတော့ ကုန်းတွင်းပိုင်းကနေ အပိုပစ္စည်းတွေ လာပို့မယ့်အချိန်ကို စောင့်ဆိုင်းရမယ့်ဒုက္ခကနေ ကင်းဝေးသွားစေတာပဲ ဖြစ်ပါတယ်။ လိုအပ်တဲ့ အပိုပစ္စည်းတိုင်းကို မထုတ်လုပ်နိုင်သေးပေမယ့် အရေးတကြီးလိုအပ်တဲ့ အစိတ်အပိုင်းတွေကို သင်္ဘောပေါ်မှာတင် အစားထိုးထုတ်လုပ်နိုင်တာကြောင့် ရေရှည်တာဝန်ထမ်းဆောင်နေတဲ့ သင်္ဘောတွေရဲ့ လုပ်ငန်းလည်ပတ်မှုကို သိသိသာသာ မြန်ဆန်သွက်လက်လာစေမှာဖြစ်သလို ထောက်ပံ့ရေးလမ်းကြောင်းတွေအပေါ် မှီခိုရမှုကိုလည်း အများကြီး လျှော့ချပေးနိုင်တော့မှာ ဖြစ်ပါတယ်။

Ref : Technology Innovation