ဗြိတိန်ရဲ့ သမိုင်းတစ်လျှောက် အကြီးမားဆုံး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးဖြစ်တဲ့ Cleve Hill Solar Park ဟာ အခုဆိုရင် လျှပ်စစ်ဓာတ်အားတွေ စတင်ထုတ်လုပ်ပေးနေပြီ ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံ၊ ကန့်တ် (Kent) ဒေသမှာ တည်ရှိတဲ့ အဲဒီ စီမံကိန်းကြီးမှာ ဆိုလာပြားပေါင်း ၅ သိန်း ၅ သောင်းကျော်ကို တပ်ဆင်ထားတာပါ။ ထွက်ရှိလာမယ့် စွမ်းအင် 373 MW ဟာ ဗြိတိန်က နေအိမ်ပေါင်း ၁ သိန်း ၂ ထောင်ကျော်အတွက် လျှပ်စစ်မီးကို လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။

UK's largest solar plant Cleve Hill supplying full power to the grid - Solar  Power Portal

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ကတည်းက စီးပွားဖြစ် စတင်လည်ပတ်ခဲ့တဲ့ အဲဒီ စက်ရုံကြီးဟာ နိုင်ငံရဲ့ လျှပ်စစ်ကွန်ရက်ဆီကို ဓာတ်အား 373 MW အထိ ဖြန့်ဝေပေးနိုင်ပါတယ်။ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက အဲဒီ စီမံကိန်းမှာ 300 MWh အထိ သိုလှောင်နိုင်စွမ်းရှိတဲ့ 150 MW ဘက်ထရီစနစ် အကြီးစားတစ်ခုကိုပါ ထည့်သွင်းတည်ဆောက်နေတာပါ။ လတ်တလောမှာတော့ ဘက်ထရီစနစ်က အပြည့်အဝ အလုပ်မလုပ်နိုင်သေးဘဲ ၂၀၂၆ ခုနှစ် နှောင်းပိုင်းမှာမှ ပထမအဆင့်အနေနဲ့ စတင်လည်ပတ်နိုင်ဖို့ စီစဉ်ထားပါတယ်။

New benchmark': 373MW Cleve Hill site becomes UK's largest operational  solar farm | BusinessGreen News

Quinbrook Infrastructure Partners က ပိုင်ဆိုင်တဲ့ အဲဒီ စက်ရုံကြီးဟာ ဧက ၉၀၀ နီးပါး ကျယ်ဝန်းပြီး တောရိုင်းတိရစ္ဆာန်တွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်ပါ သီးသန့် နေရာချထားပေးတာကို တွေ့ရပါတယ်။ ၂၀၂၀ ခုနှစ်မှာ ခွင့်ပြုချက်ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့တဲ့ အဲဒီ စီမံကိန်းဟာ အခုအခါမှာတော့ သန့်စင်တဲ့ စွမ်းအင်တွေ ထုတ်လုပ်ပေးရင်း သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် အောင်မြင်စွာ ရပ်တည်နေပြီပဲ ဖြစ်ပါတယ်။

Ref : Technology Innovation