Tesla Cybertruck တစ်စီးဟာ နှစ်သစ်ကူးနေ့က အမေရိကန် ပြည်ထောင်စု လတ်စ်ဗီးဂတ်စ်မှ Donald Trump ပိုင်တဲ့ ဟိုတယ် အပြင်ဘက်မှာ မီးလောင်ပြီး လူ ၁ ယောက်သေကာ ၇ ယောက်ဒဏ်ရာရခဲ့ပါတယ်။ ယာဉ်မောင်းဟာ အဲဒီကားကို ကော်လိုရာဒို ကနေ ငှားရမ်းခဲ့တာ ဖြစ်ပြီး မီးလောင်မှုမှာ သေဆုံးသွားပါတယ်။ အဲဒီလူဟာ အမေရိကန် စစ်သားဟောင်း Matthew Livelsberger လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

Tesla Cybertruck explosion outside Trump hotel investigated as potential  terror attack | US News | Sky News

Tesla တည်ထောင်သူနဲ့ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်နယ်ထရမ့် နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသူ Elon Musk က အဲဒီ ဖြစ်ရပ်ကို ကုမ္ပဏီက ပညာရှင်တွေ စုံစမ်းစစ်ဆေးနေတယ်လို့ အစောပိုင်းက ပြောခဲ့ပါတယ်။ သူက မကြာခင်မှာ စစ်ဆေးတွေ့ရှိမှုကို ထုတ်ပြန်ကြေညာမှာ ဖြစ်ပြီး ဒီလိုမျိုး မဖြစ်ဖူးဘူးလို့ ပြောပါတယ်။

Officials ID Matthew Alan Livelsberger as person who rented Cybertruck used  in explosion near Las Vegas Trump hotel

နောက်ပိုင်းမှာ သူက “ မီးလောင်ပေါက်ကွဲမှုဟာ ကားရဲ့ နည်းပညာပိုင်းနဲ့ မသက်ဆိုင်ပါဘူး။ ကားရဲ့ကြမ်းခင်းမှာ ပါလာတဲ့ ဗုံး တစ်လုံးကြောင့် ဖြစ်ပါတယ်။ ကားနဲ့ မသက်ဆိုင်ပါဘူး။ “ လို့ ပြောပါတယ်။

အဲဒီနောက်မှာ သူက ဒါဟာ အကြမ်းဖက်တဲ့ လုပ်ရပ် ဖြစ်နိုင်တယ်လို့ ကြေညာခဲ့ပါသေးတယ်။ သူက “ ဗုံး ပါတဲ့ Cybertruck ကို နယူးအော်လင်း ကနေ Turo ကတစ်ဆင့် ငှားရမ်းခဲ့တာ ဖြစ်ပြီး ကားမီးလောင်တာာ အဲဒါတွေနဲ့ တစ်နည်းတစ်ဖုံး ပတ်သက်နိုင်ပါတယ်။ ” လို့ ပြောပါတယ်။

ရဲ တပ်ဖွဲ့က အဲဒီ ဖြစ်ရပ်ကို ဆက်လက် စုံစမ်း စစ်ဆေးနေပါတယ်။

Ref : Independent