အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပွဲရှာလိုက်ပြန်ပါပြီ။ သူက သူ့ကိုယ်သူ ပုပ်ရဟန်းမင်းကြီး အဖြစ် AI နဲ့ ဖန်တီးထားတဲ့ ဓါတ်ပုံကို အွန်လိုင်းမှာ တင်လိုက်ပြီး ရိုမန်ကတ်သလစ် ဘာသာဝင်တွေက ဝေဖန်ပြစ်တင်နေကြပါတယ်။

ကတ်သလစ် ဘာသာဝင်တွေဟာ မကြာခင်က ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ပျံလွန်တော်မူသွားတဲ့အတွက် ဝမ်းနည်းနေကြတဲ့အချိန် ဖြစ်ပြီး မကြာခင်မှာ ပုပ်ရဟန်းမင်းကြီး အသစ်ကို ရွေးချယ်တင်မြှောက်မယ့် အချိန်မှာ ထရမ့်က အဲဒီ ဓါတ်ပုံကို ကောက်တင်လိုက်တာ ဖြစ်ပါတယ်။
:max_bytes(150000):strip_icc():focal(349x212:351x214)/donald-trump-ai-pope-050325-2272ae41e1444b7fa2ee9c0cb14d4a8b.jpg)
ထရမ့်ဟာ မကြာခင်ကလည်း ပုပ်ရဟန်းမင်းကြီး ဖြစ်ချင်တယ်လို့ နောက်ပြောင်ပြောဆိုခဲ့ဖူးပါတယ်။ သူဟာ အခုဓါတ်ပုံကို သူ့ရဲ့ Truth Social ပလက်ဖောင်းမှာ တင်ခဲ့ပြီး အဲဒီနောက်မှာ အိမ်ဖြူတော်ရဲ့ တရားဝင် X အကောင့်မှာ တင်ခဲ့ပါတယ်။
ထရမ့်ဟာ ကတ်သလစ် ဘာသာဝင် မဟုတ်ပေမယ့် ပြီးခဲ့တဲ့ လက ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ အသုဘ အခမ်းအနားကို တက်ရောက်ခဲ့ပါသေးတယ်။
ထရမ့်ရဲ့ အခု ဓါတ်ပုံကြောင့် ကတ်သလစ် ဘာသာဝင်တွေရဲ့ ဝေဖန်ပြစ်တင်မှုများစွာ ရှိနေပါတယ်။
Ref : cnn