ထရမ့် ထောက်ခံသူတွေ လွှတ်တော်ကို စီးနင်းခဲ့ပြီး နောက် ၁ နေ့ဖြစ်တဲ့ သောကြာနေ့မှာ တွစ်တာက သမ္မတ ထရမ့် အကောင့်ကို ထာဝရ Ban လိုက်ပါတယ်။ တွစ်တာက “ ထရမ့် အကောင့်က ပို့စ်တွေကို သေသေချာချာ လေ့လာပြီးနောက်မှာ အကြမ်းဖက်မှုတွေ နောက်ထပ် ဖြစ်ပွားနိုင်တဲ့အတွက် ထာဝရ Ban လိုက်ပါတယ်။ “ လို့ သောကြာနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
After close review of recent Tweets from the @realDonaldTrump account and the context around them we have permanently suspended the account due to the risk of further incitement of violence.https://t.co/CBpE1I6j8Y
— Twitter Safety (@TwitterSafety) January 8, 2021
ဂျိုးဘိုင်ဒင်ကို သမ္မတ အသစ် အဖြစ် အသိအမှတ်ပြုတော့မယ့် လွှတ်တော်ကို ဝင်ရောက် အကြမ်းဖက်ဖို့ ထရမ့်က ထောက်ခံသူတွေကို လှုံ့ဆော်ပြီးနောက်မှာ တွစ်တာက အခုလို Ban လိုက်တာပါ။ အဲဒီ အစောပိုင်းမှာ ထရမ့်ဟာ ရွေးကောက်ပွဲမှာ မဲခိုးတယ်ဆိုတဲ့ ပို့စ်တွေကို တင်ခဲ့ပြီးနောက် တွစ်တာက စည်းကမ်းနဲ့ မညီတဲ့အတွက် ထရမ့် အကောင့်ကို ၁၂ နာရီကြာ ယာယီ ပိတ်ပင်ခဲ့ပါသေးတယ်။
တွစ်တာဟာ ထရမ့် စည်းကမ်း ထပ်မံချိုးဖောက်ရင် ထာဝရ Ban မယ်လို့ အဲဒီအချိန်ကတည်းက သတိပေးခဲ့တာ ဖြစ်ပါတယ်။ တွစ်တာက ထရမ့်ရဲ့ ပို့စ် ၂ ခုဟာ စည်းကမ်းနဲ့ မညီခဲ့တဲ့အတွက် ထာဝရ Ban မယ်လို့ အသိပေးခဲ့ကြောင်း သောကြာနေ့က ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကြာသပတေးနေ့ကလည်း Facebook ဟာ ထရမ့် အကောင့်ကို အကန့်အသတ် မရှိ Ban လိုက်ပြီး စီအီးအို မတ်ဇူကာဘတ်က ထရမ့်ဟာ ဒီမိုကရေစီ နည်းလမ်းကျကျ ရွေးချယ်ထားတဲ့ အစိုးရကို အတိုက်အခံ လုပ်နေတဲ့ ထရမ့် အကောင့်ဟာ အန္တရာယ်များတယ်လို့ ပြောပါတယ်။
Ref : theverge