အခုခေတ်မှာ အွန်လိုင်းမှာ Live ‌ဈေးရောင်းတာ ခေတ်စားနေပါပြီ။ နည်းပညာ မြင့်မားတဲ့ တရုတ်မှာတော့ လူပုံတူ ပြုလုပ်ထားတဲ့ AI တွေက Live ဈေးရောင်းတာ ခေတ်စားနေပါတယ်။ အဲဒီ AI တွေဟာ တကယ့် လူအစစ်ကို ပုံတူ ပြုလုပ်ထားတာပါ။

တရုတ် အွန်လိုင်း စတိုး လောကမှာ AI သို့မဟုတ် Virtual Host တွေဟာ ခေတ်စားနေပါတယ်။ တရုတ်က ကုမ္ပဏီတွေဟာ Live Streaming ကို အသုံးပြုကာ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို ကြော်ငြာနေကြပါတယ်။ တချို့ လုပ်ငန်းရှင်တွေက Virtual Host တွေဟာ ကုန်ကျစားရိတ်များစွာ သက်သာစေတယ်လို့ ပြောကြပါတယ်။ Virtual Host ၁ ယောက်ကို ၁ နှစ်ငှားခဟာ ယွမ် ၂၀,၀၀၀ (၂,၇၈၀ ဒေါ်လာ) ကျသင့်ပါတယ်။

တကယ့် လူအစစ်ကို ငှားရင် ၁ နာရီကို ယွမ် ၂၀၀ ပေးရပါတယ်။ ၁ ရက်ကို ၄ နာရီ ငှားရင် ယွမ် ၈၀၀ ကျသင့်ပါတယ်။ ဒါဆိုရင် ၁ လကို ယွမ် ၂၄,၀၀၀ ( ၃,၃၃၆ ဒေါ်လာ) ကျသင့်မှာပါ။ အဲဒီအတွက် Virtual Host တွေဟာ ငှားရမ်းခ အများကြီး သက်သာနေပါတယ်။

Chinese live-streaming ecommerce market disrupted by AI hosts « Ecommerce  news, conferences, platform reviews and free RFP

လုပ်ငန်းရှင် ၁ ယောက်က ၁ လမှာ Virtual Host သို့မဟုတ် ဒစ်ဂျစ်တယ် Streamer ဟာ ယွမ် ၁ သန်းကျော်( ၁၃၉,၀၀ ဒေါ်လာ) တန်ဖိုးရှိ ထုတ်ကုန်တွေ ရောင်းချပေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။ AI ရဲ့ အစွမ်းက အံ့မခန်းပါပဲလို့ ပြောရတော့မှာပါ။

Ref : southchinamorningpost