MediaTek နဲ့ Vivo တို့ ပူးပေါင်း အလုပ်တွေ လုပ်နေကြပြီး Dimensity 1000+ Chipset ကို ကြေညာထားပါတယ်။ အဲဒီ Chipset ပါမယ့် Vivo စမတ်ဖုန်း ၁ လုံးကို ဖန်တီးနေပြီး iQOO Z1 လို့ နာမည်ပေးထားမှာပါ။ အခုတော့ အဲဒီ ဖုန်းကို 3C မှာ မှတ်ပုံတင်ထားပြီ ဖြစ်ပြီး  မော်ဒယ်နံပါတ်က V1986A ဖြစ်ပါတယ်။

အဲဒီအတွက် မကြာခင်မှာ ကြေညာနိုင်ပြီး စာရင်းအရ 5G ဆက်သွယ်မှု ပါလာမှာ ဖြစ်ပါတယ်။ 44W Flash Charge ထောက်ပံ့ထားမှာ ဖြစ်ပြီး Dimensity 1000+ Chipset ရဲ့ စွမ်းရည်တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 5G UltraSave Network  Power-saving နည်းပညာ ပါလာမှာ ဖြစ်ပြီး HyperEngine Gaming Optimization ကြောင့် ဂိမ်းကစားရင် တော်တော်လန်းမှာ ဖြစ်ပါတယ်။

Dimensity 1000+ Chipset က 144Hz Refresh Rate ကို ထောက်ပံ့ပေးထားပြီး HDR10+ ပါလာမယ်လို့လည်း သတင်းထွက်နေပါတယ်။ 4K Video Quality Optimization ထည့်ထားမှာ ဖြစ်တဲ့အတွက် Video အရည်အသွေးက တော်တော်လန်းမှာပါ။

Ref : gsmarena