Vivo NEX 2 နဲ႔ ပတ္သက္ၿပီး တရားဝင္ ထုတ္ေဖာ္ျပသမႈေတြကို ေစာင့္ဆိုင္းေနေပမယ့္ အခုခ်ိန္ထိေတာ့ Vivo ဘက္က တရားဝင္ထုတ္ျပန္မႈ ဘာမွမလုပ္ေသးပါဘူး။ NEX S2 အျဖစ္ ေျပာင္းလဲေခၚဆိုမယ္လို႔ ေမွ်ာ္လင့္ရေပမယ့္ ဒါလည္း အတည္ျပဳဖို႔ လိုအပ္ေနေသးတာ ျဖစ္ပါတယ္။
လက္တေလာမွာေတာ့ NEX 2 ရဲ႕ ႐ုပ္ပုံေတြကပဲ မီဒီယာေတြရဲ႕ စာမ်က္ႏွာေတြထက္မွာ စိုးမိုးေနတာပါ။ ၿပီးခဲ့တဲ့ လကုန္ပိုင္းေလာက္တုန္းက ေရွ႕မ်က္ႏွာျပင္နဲ႔ ေနာက္ေက်ာဘက္ ႐ုပ္ပုံအခ်ိဳ႕ ေပါက္ၾကားလာခဲ့ပါေသးတယ္။ အခုလည္း NEX 2 ရဲ႕ ႐ုပ္ပုံေတြ ထပ္ေပၚလာျပန္ပါၿပီ။ ဒီတစ္ခါ႐ုပ္ပုံေတြကေတာ့ ေနာက္ေက်ာဘက္ကို ဦးစားေပး ျပသထားတဲ့ ပုံေတြျဖစ္ပါတယ္။
NEX 2 ရဲ႕ အေရွ႕ဘက္မ်က္ႏွာျပင္ဟာ Notch မပါဝင္သလို ကင္မရာလည္း မပါဝင္ပါဘူး။ လုံးဝကို မ်က္ႏွာျပင္ျပည့္ ျဖစ္ပါတယ္။ ေက်ာဘက္မွာေတာ့ ဒုတိယမ်က္ႏွာျပင္ ပါရွိတဲ့အတြက္ Selfie ကင္မရာ မလိုအပ္တာလည္း ျဖစ္ပါတယ္။ အေရွ႕ကင္မရာကေတာ့ သတင္းထြက္ခဲ့ဖူးတဲ့အတိုင္း သုံးလုံးဆိုတာကို ရွင္းရွင္းလင္းလင္း ေတြ႕ျမင္ရၿပီ ျဖစ္ပါတယ္။
ေက်ာဘက္ မ်က္ႏွာျပင္အေပၚဘက္ အလယ္မွာ အဝိုင္းပုံစံေဘာင္နဲ႔အတူ ကင္မရာႏွစ္လုံး ထည့္သြင္းထားတာကို ေတြ႕ရပါတယ္။ တစ္ဘက္တစ္ခ်က္စီမွာေတာ့ ေနာက္ထပ္ ကင္မရာတစ္လုံးနဲ႔ Flash တို႔ကို ေတြ႕ျမင္ရပါတယ္။ ဒါေပမယ့္ ထြက္ေပၚလာတဲ့ ပုံေတြမွာ NEX 2 ဟာ တစ္ပုံနဲ႔တစ္ပုံ မတူညီၾကတာကိုလည္း ေတြ႕ရပါတယ္။ အခ်ိဳ႕ NEX 2 မွာေတာ့ ကင္မရာ ၄ လုံးလို႔ ထင္ရတဲ့ အေနအထားေတြ႕ျမင္ရတာေၾကာင့္ မူကြဲႏွစ္မ်ိဳးအျဖစ္ ထြက္လာမယ္လို႔ ယူဆရပါတယ္။
ကင္မရာနဲ႔ အဝိုင္းေဘာင္ကိုေတာ့ Lunar Ring လို႔ ေခၚဆိုေၾကာင္းသိရပါတယ္။ Display Scale ကို စိတ္ႀကိဳက္ Beauty effect ရေအာင္ ျပင္ဆင္လို႔ရသလို 3D Beauty လည္း ရရွိတယ္လို႔ သိရပါတယ္။ ထြက္ေပၚလာတဲ့ ႐ုပ္ပုံေတြအရ ထပ္ၿပီး ခန႔္မွန္းသိရွိရတာကေတာ့ ေက်ာဘက္ ဒုတိယမ်က္ႏွာျပင္ဟာ 5.5-inch ျဖစ္ႏိုင္ေျခရွိတယ္ဆိုတာပဲ ျဖစ္ပါတယ္။
Ref: GSMarena
Vivo NEX 2 နဲ့ ပတ်သက်ပြီး တရားဝင် ထုတ်ဖော်ပြသမှုတွေကို စောင့်ဆိုင်းနေပေမယ့် အခုချိန်ထိတော့ Vivo ဘက်က တရားဝင်ထုတ်ပြန်မှု ဘာမှမလုပ်သေးပါဘူး။ NEX S2 အဖြစ် ပြောင်းလဲခေါ်ဆိုမယ်လို့ မျှော်လင့်ရပေမယ့် ဒါလည်း အတည်ပြုဖို့ လိုအပ်နေသေးတာ ဖြစ်ပါတယ်။
လက်တလောမှာတော့ NEX 2 ရဲ့ ရုပ်ပုံတွေကပဲ မီဒီယာတွေရဲ့ စာမျက်နှာတွေထက်မှာ စိုးမိုးနေတာပါ။ ပြီးခဲ့တဲ့ လကုန်ပိုင်းလောက်တုန်းက ရှေ့မျက်နှာပြင်နဲ့ နောက်ကျောဘက် ရုပ်ပုံအချို့ ပေါက်ကြားလာခဲ့ပါသေးတယ်။ အခုလည်း NEX 2 ရဲ့ ရုပ်ပုံတွေ ထပ်ပေါ်လာပြန်ပါပြီ။ ဒီတစ်ခါရုပ်ပုံတွေကတော့ နောက်ကျောဘက်ကို ဦးစားပေး ပြသထားတဲ့ ပုံတွေဖြစ်ပါတယ်။
NEX 2 ရဲ့ အရှေ့ဘက်မျက်နှာပြင်ဟာ Notch မပါဝင်သလို ကင်မရာလည်း မပါဝင်ပါဘူး။ လုံးဝကို မျက်နှာပြင်ပြည့် ဖြစ်ပါတယ်။ ကျောဘက်မှာတော့ ဒုတိယမျက်နှာပြင် ပါရှိတဲ့အတွက် Selfie ကင်မရာ မလိုအပ်တာလည်း ဖြစ်ပါတယ်။ အရှေ့ကင်မရာကတော့ သတင်းထွက်ခဲ့ဖူးတဲ့အတိုင်း သုံးလုံးဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရပြီ ဖြစ်ပါတယ်။
ကျောဘက် မျက်နှာပြင်အပေါ်ဘက် အလယ်မှာ အဝိုင်းပုံစံဘောင်နဲ့အတူ ကင်မရာနှစ်လုံး ထည့်သွင်းထားတာကို တွေ့ရပါတယ်။ တစ်ဘက်တစ်ချက်စီမှာတော့ နောက်ထပ် ကင်မရာတစ်လုံးနဲ့ Flash တို့ကို တွေ့မြင်ရပါတယ်။ ဒါပေမယ့် ထွက်ပေါ်လာတဲ့ ပုံတွေမှာ NEX 2 ဟာ တစ်ပုံနဲ့တစ်ပုံ မတူညီကြတာကိုလည်း တွေ့ရပါတယ်။ အချို့ NEX 2 မှာတော့ ကင်မရာ ၄ လုံးလို့ ထင်ရတဲ့ အနေအထားတွေ့မြင်ရတာကြောင့် မူကွဲနှစ်မျိုးအဖြစ် ထွက်လာမယ်လို့ ယူဆရပါတယ်။
ကင်မရာနဲ့ အဝိုင်းဘောင်ကိုတော့ Lunar Ring လို့ ခေါ်ဆိုကြောင်းသိရပါတယ်။ Display Scale ကို စိတ်ကြိုက် Beauty effect ရအောင် ပြင်ဆင်လို့ရသလို 3D Beauty လည်း ရရှိတယ်လို့ သိရပါတယ်။ ထွက်ပေါ်လာတဲ့ ရုပ်ပုံတွေအရ ထပ်ပြီး ခန့်မှန်းသိရှိရတာကတော့ ကျောဘက် ဒုတိယမျက်နှာပြင်ဟာ 5.5-inch ဖြစ်နိုင်ခြေရှိတယ်ဆိုတာပဲ ဖြစ်ပါတယ်။
Ref: GSMarena