Vivo ဟာ S9 5G ဖုန်းကို ဖန်တီးနေပြီး အရင်မျိုးဆက် S7 5G မှာလို ဆဲလ်ဖီး အသားပေး ဖုန်း ဖြစ်လာနိုင်ပါတယ်။ တရုတ်က Tipster ၁ ယောက်က Vivo S9 ကို မတ်လ ၆ ရက်နေ့ ကြေညာမယ်လို့ သတင်းပေးလာပြီး အဓိက Specs တွေကိုလည်း မျှဝေလိုက်ပါတယ်။
Vivo S9 5G မှာ ၆.၄ လက်မ Notch မျက်နှာပြင်နဲ့ 44MP Ultrawide Dual ဆဲလ်ဖီး ကင်မရာတွေ ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ S7 5G ရဲ့ ၆.၄၄ လက်မ AMOLED မျက်နှာပြင်နဲ့ အရွယ်ကြီး Notch ထည့်သွင်းထားနိုင်ပါတယ်။
[EXCLUSIVE] Vivo V2072A (May be next V series Pro smartphone) listed on Google Playconsole. First smartphone powered by Dimensity 1100 Soc.
Specifications:
-FHD+ notch display
-Dual Selfie Camera
-Mediatek Dimensity 1100 5G Soc
-12GB RAM
-Android 11 Origin OS#Vivo #TTechinical pic.twitter.com/xQDXRMvJTi— தமிழன் டெக்கினிக்கல் (Tamilan Techinical) (@TTechinical) January 27, 2021
Vivo S9 5G ဟာ Dimensity 1100 SoC ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်း အဖြစ် မှတ်တမ်းဝင်သွားမှာပါ။ Google Play Console မှာ Vivo V2072A ဖုန်း ၁ လုံးကိုလည်း တွေ့လာရပြီး Dimensity 1100 Chip နဲ့ အရွယ်ကြီး Notch ထည့်ထားပါတယ်။ အဲဒီအတွက် V2072A ဟာ Vivo S9 5G ရဲ့ မော်ဒယ်နံပါတ်လို့ ထင်ရပါတယ်။
Google Play Console က စာရင်းအရ Vivo V2072A မှာ 12GB RAM နဲ့ Android 11 OS တွေ ထည့်ထားပြီး အရင်မျိုးဆက်လိုပဲ 256GB Storage ပါလာနိုင်ပါတယ်။ လက်ရှိမှာ တခြား Specs တွေကို မသိရသေးပါဘူး။
တခြား သတင်း ၁ ပုဒ်အရ Vivo ဟာ S Series ဖုန်း အသစ် ၁ လုံးကိုလည်း မကြာခင် ကြေညာနိုင်ပြီး နာမည်က Vivo S7t ဖြစ်ပါတယ်။ အဲဒီဖုန်းမှာ S7 5G မှာလို Snapdragon 765G မောင်းနှင်ထားနိုင်ပါတယ်။
Ref : gizmochina