vivo က T3 Series ရဲ့ T3 Ultra ကို ကြေညာလိုက်ပါတယ်။ AMOLED မျက်နှာပြင်ကွေး၊ Dimensity 9200+ Chipset ထည့်သွင်းထားပြီး ၇.၆ မီလီမီတာ အထူပဲ ရှိတဲ့အတွက် အလွန်ပါးလွှာပါတယ်။

vivo T3 Ultra debuts with Dimensity 9200+ and slim design

T3 Ultra မှာ 6.78” Curved AMOLED Display တပ်ဆင်ထားပြီး FHD+ Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 4,500 Nits Peak Brightness ထောက်ပံ့ထားပြီး Punch Hole မှာ 50MP အရှေ့ ကင်မရာ တပ်ဆင်ထားပါတယ်။

အနောက်ဘက်မှာ 50MP Main (OIS) နဲ့ 8MP Ultrawide ကင်မရာ ထည့်သွင်းထားပြီး Aura Light Flash ပါလာပါတယ်။

vivo T3 Ultra key specs

MediaTek Dimensity 9200+ Chipset မောင်းနှင်ထားပြီး 8/12GB RAM နဲ့ 128/256GB Storage ထည့်သွင်းထားပါတယ်။ Android 14 အခြေပြု Funtouch 14 မောင်းနှင်ထားပြီး 80W Fast Charging ပါတဲ့ 5,500mAh Battery ထည့်သွင်းထားပါတယ်။ IP68 ရေစိုခံစံနှုန်း ပါလာပြီး Display အောက် လက်ဗွေရာ ကိရိယာ မြှုပ်နှံထားပါတယ်။

Lunar Gray နဲ့ Frost Green အရောင် ထုတ်လုပ်ထားပြီး 8/128GB ကို ၃၈၀ ဒေါ်လာနဲ့ 12/256GB ကို ၄၃၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အိန္ဒိယမှာ ဒီလ ၁၉ ရက်နေ့ ရောင်းချမှာပါ။

Ref : gsmarena