Vivo က V23e 5G ကို အိန္ဒိယမှာ ကြေညာလိုက်ပါတယ်။ Vivo V23e 5G မှာ 8GB RAM နဲ့ 128GB Internal Storage ထည့်သွင်းထားပြီး အိန္ဒိယမှာ ၂၅,၉၉၀ ရူပီး သတ်မှတ်ထားပါတယ်။ လက်ရှိငွေလဲလှယ်နှုန်းအရ ဒေါ်လာနဲ့တွက်ရင် ၃၅၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပြီး မြန်မာငွေနဲ့တွက်ရင် ၆၂၀,၀၀၀ ဝန်းကျင်တန်ကြေးရှိပါတယ်။

vivo V23e 5G launches in India for INR 25,990 - GSMArena.com news

Vivo V23e 5G အတွက် Midnight Blue နဲ့ Sunshine Gold အရောင် ၂ ရောင် ထုတ်လုပ်ပေးထားပြီး Vivo ရဲ့ အွန်လိုင်းစတိုးနဲ့ မိတ်ဖက် စတိုးဆိုင်တွေကနေ အိန္ဒိယမှာ ရောင်းချပေးနေပါပြီ။

vivo V23e 5G key specs

Vivo V23e 5G ရဲ့ Specifications တွေအကြောင်းပြောပြချင်ပါတယ်။ ၆.၄၄ လက်မ AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး FHD+ Resolution ထောက်ပံ့ထားပါတယ်။ 60Hz Refresh Rate ပဲ ပါလာတာက သိပ်မကောင်းပါဘူး။ အရွယ်သေး Notch မှာ 4K ဗီဒီယိုတွေ ရိုက်ကူးနိုင်တဲ့ 44MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး အနောက်ဘက်မှာ 50MP ပင်မ၊ 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံး ပါပါတယ်။

Vivo V23e 5G မှာ MediaTek Dimensity 810 5G Chipset မောင်းနှင်ထားပြီး 5G ဆက်သွယ်မှုကို အသုံးပြုနိုင်ပါတယ်။ Software အကြောင်းပြောရရင် Android 12 အခြေပြု Funtouch OS 12 မောင်းနှင်ထားပြီး 44W Fast Charging ထောက်ပံ့တဲ့ 4,500mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။

Ref : gsmarena