Vivo ဟာ V23e 5G ကို ဒီလ ၂၁ ရက်နေ့ အိန္ဒိယမှာ ကြေညာတော့မှာ ဖြစ်ပြီး အဲဒီ ဖုန်းဟာ ထိုင်းမှာ ပြီးခဲ့တဲ့နှစ်က မိတ်ဆက်ခဲ့တဲ့ ဖုန်းနဲ့ တူညီမယ်လို့ ထင်ရပါတယ်။ အခုတော့ Tipster Abhishek Yadav က V23e 5G အိန္ဒိယ မော်ဒယ်ရဲ့ Specs နဲ့ ဓါတ်ပုံတွေကို မိတ်ဆက်ပွဲ မတိုင်ခင် မျှဝေလိုက်ပါတယ်။

Vivo V23e 5G specs leak

Vivo V23e 5G မှာ ၆.၄၄ လက်မ AMOLED မျက်နှာပြင်ပါလာနိုင်ပြီး Full HD+ Resolution ထောက်ပံ့ထားမှာပါ။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး Notch မှာ 44MP ကင်မရာ ၁ လုံး တပ်ဆင်ထားမှာပါ။ အနောက်ဘက်မှာ 50MP Main, 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံး ပါလာမှာပါ။

Vivo V23e 5G specs leak

Dimensity 810 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 8GB RAM နဲ့ 128GB Storage ပါလာမှာပါ။ 44W Fast Charging ပါတဲ့ 4,050mAh ဘက်ထရီ ထည့်ထားမှာ ဖြစ်ပြီး Android 12 OS အခြေပြု FunTouch OS 12 မောင်းနှင်ထားမှာပါ။ အဲဒီ Specs တွေအရဆိုရင် V23e 5G အိန္ဒိယ မော်ဒယ်ဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလက ထိုင်းမှာ ကြေညာခဲ့တဲ့ ဖုန်းနဲ့ တူညီမှာပါ။

Vivo V23e 5G specs leak

ဒီဇိုင်းအပိုင်း ပြောရရင် Vivo V23e 5G မှာ ပြားချပ်တဲ့ ထောင့်စွန်းတွေ ပါလာမှာဖြစ်ပြီး Midnight Blue ရဲ့ အထူက ၇.၃ မီလီမီတာ ရှိကာ အနောက်ဘက်ကို Matte AG Glass နဲ့ ဖုံးအုပ်ထားမှာပါ။ Sunshine Gold ရဲ့ အထူက ၇.၄၁ မီလီမီတာ ရှိကာ အနောက်ဘက်ကို Fluorite AG Glass နဲ့ ဖုံးအုပ်ထားမှာပါ။ ပေါက်ကြားသတင်းအရ အိန္ဒိယမှာ ၂၅,၉၉၀ ရူပီးနဲ့ ရောင်းချနိုင်ပြီး မြန်မာငွေ ၆၂၀,၀၀၀  ဝန်းကျင် ကျသင့်နိုင်ပါတယ်။

Ref : gizmochina