vivo V50 ကို အိန္ဒိယမှာ ကြေညာလိုက်ပြီး အရင်မျိုးဆက်နဲ့ Specs တွေက အနည်းငယ်ပဲ ကွာခြားပါတယ်။ အဲဒီအထဲမှာ 6,000mAh Battery နဲ့ အနည်းငယ်ပိုမြန်တဲ့ 90W Wired Charging ပါလာပြီး ဒီဇိုင်းက ပိုခေတ်ဆန်လာပါတယ်။
V50 မှာ Display အတွက် 6.77” OLED FHD+ ကို သုံးထားပြီး 120Hz Refresh Rate ပါပါတယ်။ Quad-curved ဒီဇိုင်း သုံးထားပါတယ်။ Diamond Shield Glass နဲ့ ကာကွယ်ထားပြီး vivo က V40 ထက် အမြင့်က ပြုတ်ကျတဲ့ ဒဏ်ကို ပိုခံနိုင်တယ်လို့ ပြောပါတယ်။ Peak Brightness က 4,500 Nits ဖြစ်ပါတယ်။
ကျန်တဲ့ Specs တွေက V40 နဲ့ တူညီပြီး Snapdragon 7 Gen 3 Chipset ပါပါတယ်။ 12GB RAM နဲ့ 512GB Storage တပ်ဆင်ထားပြီး microSD Card Slot မပါပါဘူး။
ကင်မရာအကြောင်းပြောရရင် 50MP ကင်မရာ ၃ လုံး သုံးထားပါတယ်။ 50MP Main (OIS), 50MP Ultrawide ကို အနောက်ဘက်နဲ့ 50MP ကို အရှေ့ဘက်မှာ တပ်ထားပါတယ်။ Android 15 အခြေပြု Funtouch OS 15 ပါလာပြီး IP68/69 စံနှုန်း၊ In-display Fingerprint Sensor ထည့်ထားပါတယ်။
vivo V50 အတွက် Rose Red, Starry Night နဲ့ Titanium Grey အရောင်ထုတ်လုပ်ထားပါတယ်။ 8/128GB ကို ၄၀၃ ဒေါ်လာနဲ့ 12/512GB ကို ၄၇၂ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဒီလ ၂၅ ရက်နေ့ အိန္ဒိယမှာ ရောင်းမှာပါ။
Ref : gsmarena