Vivo ဟာ ကုမ္ပဏီရဲ့ ပထမဆုံး Foldable ဖုန်းကို ဖန်တီးနေပြီး ဒီလ နှောင်းပိုင်းမှာ ကြေညာမယ်လို့ ထင်ရပါတယ်။ Vivo က အဲဒီ ဖုန်းအကြောင်း ဘာမှမပြောသေးပေမယ့် အခုတော့ ဓါတ်ပုံ ၁ ပုံ ပေါက်ကြားလာပါတယ်။ ဓါတ်ပုံမှာ ဖုန်းရဲ့ အရှေ့ဘက်ကို မြင်ရပြီး အရင်က ထွက်ခဲ့တဲ့ သတင်းအချက်အလက်တချို့ကို အတည်ပြုထားပါတယ်။

Vivo X Fold ကို တရုတ်မှာ မကြာခင် ကြေညာနိုင်ပြီး ကုမ္ပဏီဟာ လာမယ့် ရက်တွေအတွင်းမှာ ကြေညာမယ့်နေ့ကို အသိပေးလာနိုင်ပါတယ်။ ပေါက်ကြားလာတဲ့ ဓါတ်ပုံအရ ညာဘက်ခြမ်းက မျက်နှာပြင် အထက် အလယ်မှာ Punch Hole Cutout ကို မြင်ရပြီး မျက်နှာပြင်ဘေးဘောင်တွေဟာ ပါးလွှာပါတယ်။ မျက်နှာပြင် ခေါက်ရာကို မြင်ရလားဆိုတာ မသိရသေးပါဘူး။

Vivo X Fold spotted in the wild - Crast.net

ဓါတ်ပုံမှာ ပါဝါနဲ့ အသံခလုတ်တွေကို ညာဘက်ခြမ်းမှာ တပ်ဆင်ထားပြီး ဘယ်ဘက်ခြမ်းမှာ Cutout ၁ ခုကို တွေ့ရပေမယ့် လက်ရှိမှာ ဘာဖြစ်မလဲဆိုတာ မသိရသေးပါဘူး။

ပေါက်ကြားသတင်းတွေအရ Vivo X Fold မှာ ၈ လက်မ Foldable QHD+ မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး 120Hz Refresh Rate ထောက်ပံ့ထားမှာပါ။ အပြင်ဘက် ကာဗာ မျက်နှာပြင်ဟာ ကွေးညွှတ်ပြီး ၆.၅ လက်မ မျက်နှာပြင် တပ်ဆင်ထားမှာဖြစ်ကာ Full HD+ Resolution ရှိမှာပါ။

Snapdragon 8 Gen 1 SoC, 12GB RAM နဲ့ 256GB/512GB Storage တွေ ထည့်သွင်းထားမှာ ဖြစ်ပြီး 50MP Main , 48MP Ultrawide, 12MP (2x Zoom) နဲ့ 8MP Peirscope (5x Optical Zoom) တွေ ပါလာမှာပါ။

Ref : mysmartprice