vivo X Fold နဲ့ ပတ်သက်တဲ့သတင်းတွေက ပြီးခဲ့တဲ့ မတ်လအတွင်းမှာ အများဆုံးဖြစ်ခဲ့တာပါ။ မတ်လလယ်လောက်မှာ X Fold ရဲ့ဓာတ်ပုံပေါက်ကြားထွက်ပေါ်လာခဲ့ပြီး မတ်လနောက်ဆုံးရက်တွေမှာတော့ X Fold ရဲ့ ဒီဇိုင်းနဲ့ အဓိက Specs တွေကို သိလာကြရတာ ဖြစ်ပါတယ်။

X Fold ဟာ vivo ရဲ့ ပထမဆုံး Foldable ဖုန်းဖြစ်ပြီး လာမဲ့ ဧပြီလ ၁၁ ရက်နေ့မှာ တရုတ်နိုင်ငံတွင်း တရားဝင်မိတ်ဆက်မှာလည်း ဖြစ်ပါတယ်။ X Fold နဲ့ပတ်သက်တဲ့ ပေါက်ကြားမှုတွေထဲမှာ အခုနောက်ဆုံးပေါက်ကြားလာတာက မြေပြင်လက်လီအရောင်းဆိုင်တွေအတွက် Marketing materials တွေကတစ်ဆင့် ဖြစ်ပါတယ်။

vivo X Fold မှာ 120Hz refresh rate, LTPO 3.0 နည်းပညာနဲ့ 8-inch “2K” internal folding screen တပ်ဆင်ထားပြီး အပြင်ဘက်မှာတော့ 6.53-inch FHD+ 120 Hz မျက်နှာပြင်ကို တပ်ဆင်ပေးထားပါတယ်။ Snapdragon 8 Gen 1 chipset ကို အသုံးပြုထားပြီး LPDDR5 memory, UFS 3.1 storage, Android 12 onboard နဲ့ 4,600mAh ဘက်ထရီတွေ တပ်ဆင်ထားတယ်လို့ သိရပါတယ်။ အားသွင်းစနစ်ကတော့ 66W wired နဲ့ 50W wireless တွေဖြစ်ပါတယ်။

vivo X Fold မှာ 50MP Samsung GN5 အဓိကကင်မရာနဲ့အတူ Zeiss အမှတ်တံဆိပ် T* coating နဲ့ ကင်မရာလေးလုံး တပ်ဆင်ထားပါတယ်။ ကျန်တာတွေက 48MP 114-degree field-of-view ultrawide ကင်မရာ၊ 12MP portrait lens နဲ့ 60x OIS periscope ကင်မရာ တို့ ဖြစ်ပါတယ်။ Wi-Fi 6 နဲ့ NFC ထောက်ပံ့မှုလည်း ပါရှိကြောင်း အတည်ပြုနိုင်ပါတယ်။

X Fold ရဲ့ မျက်နှာပြင်ဟာ DisplayMate A+ စံချိန် ၁၉မျိူး ချိုးခဲ့ပြီး ပတ္တာကလည်း အကြိမ်ရေ သုံးသိန်းအထိ ခေါက်နိုင်ဖြန့်နိုင်ကြောင်း Certified ရရှိပြီးဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ vivo X Fold ကို တရုတ်နိုင်ငံတွင်းမှာပဲ ရောင်းချမှဖြစ်ပြီး ဘယ်အချိန် နိုင်ငံတကာဈေးကွက်ထဲရောက်လာမယ်ဆိုတာတော့ မသိနိုင်သေးပါဘူး။

Ref: GSM Arena