Vivo ဟာ ဧပြီလမှာ Vivo Pad တက်ဘလက်၊ Vivo X Fold Foldable ဖုန်းနဲ့ Vivo X Note စွမ်းရည်မြင့် ဖုန်းတို့ကို တရုတ်မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင် တရုတ် လူမှုကွန်ရက် ဝီဘိုမှာ ပိုစတာ ၁ ခု ပေါက်ကြားလာပြီး ဧပြီလ ၁၁ ရက်နေ့မှာ ကြေညာမယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် အဲဒီ Device ၃ လုံးရဲ့ Configuration တွေကို သိလာရပါပြီ။

Vivo X fold, X note, vivo pad launch date leak

Vivo ကတော့ ကြေညာမယ့်နေ့ကို တရားဝင် မပြောသေးပါဘူး။ ပေါက်ကြားသတင်းအရ ကုမ္ပဏီရဲ့ ပထမဆုံး Foldable ဖုန်း ဖြစ်တဲ့  Vivo X Fold အတွက် 12GB RAM + 256GB Storage နဲ့ 12GB RAM + 512GB Storage တွေ ထုတ်လုပ်ထားမှာဖြစ်ပြီး Blue, Crimson နဲ့ Orange အရောင်တွေ ရွေးချယ်နိုင်မှာပါ။

Vivo X Fold, X Note, Vivo Pad teased, launch date likely to be confirmed on March 28 - Gizmochina

Vivo X Note အတွက် Configuration ၃ ခု ထုတ်လုပ်ထားမှာ ဖြစ်ပြီး 8GB RAM + 256GB Storage, 12GB RAM + 256GB Storage နဲ့ 12GB RAM + 512GB Storage တွေ ဖြစ်ပါတယ်။ Black , Gray နဲ့ Blue ၃ ရောင် ထုတ်လုပ်ထားမှာပါ။

Vivo Pad အတွက် 8GB RAM + 128GB Storage , 8GB RAM + 256GB Storage ၂ မျိုး ထုတ်လုပ်ထားမှာ ဖြစ်ပြီး Gray နဲ့ Blue ၂ ရောင် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ပေါက်ကြားသတင်းမှာ အဲဒီ Device တွေရဲ့ ဈေးနှုန်းတွေကို မဖော်ပြထားပါဘူး။

Vivo X Fold နဲ့ X Note မှာ Snapdragon 8 Gen 1 Chipset မောင်းနှင်ထားနိုင်ပြီး Vivo Pad မှာ Snapdragon 870 SoC ထည့်သွင်းထားနိုင်ပါတယ်။

Ref : gizmochina