vivo ရဲ့ X Series စမတ်ဖုန်းတွေဟာ Camera ပိုင်းမှာ Hardware ပိုင်းအရရော၊ Software ပိုင်းမှာပါ အကောင်းဆုံးဖုန်းတွေအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ အခုလည်း vivo ကနေ X80 Series ဖုန်းတွေကို မိတ်ဆက်ဖို့ရှိနေပြီး Sony ရဲ့ အကောင်းဆုံးဖြစ်လာမယ့် IMX 8– Series Camera Sensor တွေကို အသုံးပြုလာမယ်လို့ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

အခုလည်း @BaldPanda အမည်ရတဲ့ Leakster တစ်ဦးကနေ vivo X80 ဖုန်းမှာပါဝင်လာမယ့် Camera Sensor ဟာ Sony IMX886 Sensor ဖြစ်မယ်ဆိုပြီး ပြောကြားလိုက်ပါတယ်။ အဆိုပါ Sony IMX886 Sensor ဟာ 1/1.56-inch Sensor Size ရှိမှာဖြစ်ပြီး RGBW Arrangement အနေနဲ့ အသုံးပြုထားမှာဖြစ်ပါတယ်။ ဒါကြောင့် Sensor Size အနေနဲ့ Flagship ဖုန်းတွေထဲမှာ ကြီးမားမှာဖြစ်သလို Megapixel အနေနဲ့ အတိအကျမသိရသေးပေမယ့် အနည်းဆုံး 50MP အထက်ရှိမယ်လို့ သိရပါတယ်။

တစ်ခုရှိတာကတော့ အခု Sony IMX886 Sensor ဟာ vivo X80 ဖုန်းရဲ့ Primary Sensor ဖြစ်လာမယ်လို့ သိရတဲ့အတွက် ကျန်တဲ့ Camera Setup အနေနဲ့ ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။ ပုံမှန်အားဖြင့် Ultrawide Sensor နဲ့ Telephoto Sensor တွေပါဝင်လာမယ်လို့ ယူဆရပြီး ယခင် vivo X70 Series ဖုန်းတွေလိုမျိုးပဲ Image Processing အတွက် vivo ရဲ့ ကိုယ်ပိုင် V1 Image Signal Processor ကို အသုံးလာဖွယ်ရှိပါတယ်။

vivo ဟာ X80 Series အနေနဲ့ X80 ဖုန်းအပြင် X80 Pro ဖုန်းကိုပါ မိတ်ဆက်သွားမှာဖြစ်ပြီး Display အနေနဲ့ကတော့ 6.78″ Size ကိုမှ Full HD+ နဲ့ Quad HD+ Resolution တွေအသုံးပြုထားမှာဖြစ်ပါတယ်။ Battery ပိုင်းမှာတော့ 4700mAh Battery ကိုမှ 80W Fast Charging ကို ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။

vivo ဟာ X80 Series ဖုန်းအပြင် Foldable ဖုန်းတစ်လုံးဖြစ်လာမယ့် vivo X Fold ဖုန်းကိုလည်း Qualcomm Snapdragon 8 Gen 1 Chipset ၊ 120W Fast Charging တွေနဲ့အတူ မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Ref – Gizmo China