vivo ဟာ Y21 စမတ်ဖုန်းကို ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက အိန္ဒိယဈေးကွက်ထဲမှာ ဖြန့်ချိရောင်းချခဲ့ပါတယ်။ ရှစ်လကြာခဲ့ပြီးတဲ့နောက်မှာတော့ တရုတ်စမတ်ဖုန်းကုမ္ပဏီက ပြန်လည်ဆန်းသစ်မှုတွေနဲ့အတူ vivo Y21G ကို မိတ်ဆက်လာခဲ့ပြန်တာကို တွေ့ရပါတယ်။

vivo Y21G ဟာ မူလပထမ 8nm profile နဲ့ Y21 လိုမျိုးပဲ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ စွမ်းဆောင်ရည်အနည်းငယ်ပိုကောင်းတဲ့ Chipset ကို အသုံးပြုလာပြီး ပိုမိုဆွဲဆောင်မှုရှိတဲ့ ဈေးနှုန်းကိုလည်း သတ်မှတ်ပေးထားတာတော့ စိတ်ဝင်စားစရာကောင်းလာမယ်လို့ မျှော်လင့်ရပါတယ်။ vivo ဟာ ဒီလို Specs နည်းနည်းပိုကောင်း၊ ဈေးပိုသက်သာလာတဲ့ဗားရှင်းသစ်မျိုးကို မကြာခဏထုတ်လေ့ရှိပါတယ်။

vivo Y21G ဟာ MediaTek Helio G70 chipset ကို အသုံးပြုထားပါတယ်။ Chip မှာ 2.0GHz Cortex-A75 unit နှစ်ခု၊ နဲ့ Cortex-A55 cores ၆ ခု ပါဝင်တဲ့ Octa-core CPU ပါရှိပါတယ်။ 4GB of RAM နဲ့ 64GB storage တစ်မျိုးတည်းရရှိမှာဖြစ်ပြီး သိုလှောင်မှုတိုးချဲ့ဖို့အတွက် microSD slot တစ်ခု သီးခြားထောက်ပံ့ပေးထားပါသေးတယ်။

ကျန်တဲ့ Specs တွေကအပြောင်းအလဲမရှိသလို၊ တခြား Y21 မိသားစုဝင် Device ၆ မျိုးတွေအတိုင်းပါပဲ။ 720p resolution 6.5-inch LCD မျက်နှာပြင်၊ 13MP + 2MP အနောက်ကင်မရာ၊ 8MP selfie ကင်မရာတို့ကို တပ်ဆင်ပေးထားပါတယ်။ 5,000mAh ဘက်ထရီကိုတပ်ဆင်ပေးထားတာတော့ ကျေနပ်စရာပါပဲ။ 18W အားသွင်းစနစ်ကိုထောက်ပံ့ပေးထားပါတယ်။

vivo Y21G ဟာ Android 12 ကို အခြေခံထားတဲ့ FuntouchOS 12 ကို အသုံးပြုထားတယ်လို့သိရပေမဲ့ vivo India ဝက်ဘ်ဆိုက်မှာတော့ အရင်မျိုးဆက် Android 11 အောက်က FuntouchOS 11.1 နဲ့ပဲ ဖော်ပြထားပါတယ်။ အရောင်အားဖြင့် Silver-ish paint မျိုးဖြစ်တဲ့ Midnight Blue နဲ့ Diamond Glow အရောင်တွေကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ဈေးနှုန်းကတော့ $185 (၃သိန်းခွဲဝန်းကျင်) ဖြစ်ပါတယ်။

Ref: GSM Arena