Vivo က Android 10 အခြေပြုထားတဲ့ အဓိက Funtouch Update ကို အိန္ဒိယမှာ Vivo Z1 Pro နဲ့ Vivo Z1x အတွက် ဖြန့်ချိပေးလိုက်ပါတယ်။ Z1 Pro ကို အိန္ဒိယမှာ ၂၀၁၉ ခုနှစ် ဇူလိုင်လနဲ့ Z1x ကို စက်တင်ဘာလမှာ ရောင်းချခဲ့ပြီး ၂ လုံးစလုံးမှာ Android 9.0 Pie အခြေပြု Funtouch OS 9 မောင်းနှင်ထားပါတယ်။ နောက်ဆုံးထုတ် Funtouch OS 10 မှာ UI Design ၊ Icons ၊ Off-screen Clock အသစ်တွေ ပါလာပြီး Live Wallpaper ထည့်သွင်းထားပါတယ်။ Jovi Virtual Assistant ပိုကောင်းလာတဲ့ အပြင် တခြား လုပ်ဆောင်ချက်တွေ ပါလာပါတယ်။
Thank you for writing to us. We would like to inform you that Android 10 released for vivo Z1x, which is under the greyscale test. Kindly wait for sometime you will get the notification automatically in your handset for the same.
— Vivo India (@Vivo_India) June 7, 2020
Vivo Z1Pro PD1911F_EX_A_1.7.8 Funtouch OS 10 Update ရဲ့ အရွယ်အစားဟာ 3.1GB ရှိပြီး ၂၀၂၀ မေလအတွက် Android Security Patch ပါလာပါတယ်။ Z1x PD1921F_EX_A_1.11.4 Update ရဲ့ အရွယ်အစားဟာ 3.32GB ရှိပါတယ်။
Vivo က စမ်းသပ်တဲ့ အနေနဲ့ အနည်းငယ်ပဲ ဖြန့်ချိပေးထားတာ ဖြစ်ပြီး မကြာခင်မှာ လူတိုင်း ရကြမယ်လို့ အတည်ပြုလိုက်ပါတယ်။ တခြား ဖုန်းတွေအတွက် ဖြန့်ချိပေးမယ့် အချိန်ကို Vivo က မပြောသေးပါဘူး။ Changelog ကို အောက်မှာ လေ့လာနိုင်ပါတယ်။
Ref : fonearena